ကုလညီလာခံမွာ တင္ျပတဲ့ ျမန္မာ့မူ၀ါဒ


နယူးေယာက္ၿမဳိ႕မွာ က်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံအတြင္း ျမန္မာကိုယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေဒသစံေတာ္ခ်ိန္ စက္တင္ဘာ ၂၈ ရက္ ညေနပိုင္း မိန္႔ခြန္းေျပာၾကားရာမွာ ရခုိင္အေရးကိစၥကို အေတာ္ေလး အခ်ိန္ယူ ေျပာၾကားသြားပါတယ္။ ညီလာခံမွာ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ဘယ္လုိအခ်က္ေတြကို အဓိကထား ေျပာသြားပါသလဲလို႔ ကုလသမဂၢ႐ုံးခ်ဳပ္မွာ သြားေရာက္ သတင္းယူေနတဲ့ VOA ဝိုင္းေတာ္သား ကိုေက်ာ္ေက်ာ္သိန္းကို ေမးျမန္းၾကည့္တဲ့အခါ သူက ခုလို စေျပာပါတယ္။

ကုိေက်ာ္ေက်ာ္သိန္း - ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ေျပာသြားတာေတြကို က်ေနာ္တုိ႔ ေခါင္းစဥ္အရ ေျပာမယ္ဆုိရင္ေတာ့ ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရး ဆုိင္ရာ၊ ၿပီးေတာ့ လက္ရွိမွာ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရး လုပ္ေဆာင္ေနတာေတြ၊ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ပတ္သက္လုိ႔ လုပ္ေနတာေတြ၊ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး လုပ္ေနတာေတြ၊ အဲဒါေတြအျပင္ ရခုိင္ျပည္နယ္ အေရးကိစၥကုိေတာ့ အခ်ိန္ေတာ္ေတာ္ေလး ယူၿပီး ေျပာသြားပါတယ္။ ဒါက ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အဓိက ေျပာသြားတဲ့ အေၾကာင္းအရာေတြလုိ႔ ဆုိရမွာပါဗ်။

ေမး - ဟုတ္ကဲ့ခင္ဗ်ား၊ ဆုိေတာ့ ရခုိင္ျပည္နယ္ အေရးကိစၥ အဓိက ေျပာသြားတယ္ဆိုေတာ့ေလ ဘယ္လုိအေၾကာင္းအရာေတြမ်ား ေျပာသြားတာပါလဲ။

ကိုေက်ာ္ေက်ာ္သိန္း - ရခုိင္ျပည္နယ္ အေရးကိစၥနဲ႔ ပတ္သက္ရင္ေတာ့ က်ေနာ္တုိ႔ အေစာပုိင္းမွာ ေမွ်ာ္လင့္ထားတဲ့အတုိင္းပါပဲ။ အစိုးရအေနနဲ႔ ရခုိင္ျပည္နယ္ အေရးကိစၥနဲ႔ ပတ္သက္လို႔ လုပ္ေဆာင္ေနတာေတြ၊ ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံေရး၊ ဘဂၤလားေဒ့ရွ္၊ UNDP၊ UNHCR၊ အာဆီယံ၊ ႏုိင္ငံတကာ စသည္အားျဖင့္ ပူးေပါင္းေဆာင္ရြက္ေနတဲ့ကိစၥေတြ၊ တခါ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ဗဟိုေကာ္မတီ ဖြဲ႔စည္းထားတာ၊ ကိုဖီအာနန္ေကာ္မရွင္ ဖြဲ႔စည္းထားတာ၊ အဲလုိကိစၥေတြကို ေျပာသြားပါတယ္။

ေျပာသြားၿပီးတဲ့ေနာက္မွာေတာ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ႏွစ္ႏုိင္ငံ လက္မွတ္ထုိးထားတဲ့ သေဘာတူညီခ်က္ေတြအတုိင္း လုပ္ဖုိ႔ အေရးႀကီးတယ္ ဆုိတာကို ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ထည့္ေျပာပါတယ္။ အဲဒီသေဘာတူညီခ်က္ ဆုိတဲ့ေနရာမွာ ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလ ဆုိတာမ်ဳိး လနဲ႔ ႏွစ္နဲ႔ အတိအက် ေျပာၿပီးေတာ့ အဲဒီ သေဘာတူညီခ်က္အရ ဒုကၡသည္ ျပန္လက္ခံေရးကို လုပ္ခ်င္တယ္၊ အဲဒီအတုိင္းပဲ လုပ္ရမယ္ဆုိတာကို ေျပာပါတယ္။

ဒုကၡသည္ေတြ ျပန္လက္ခံတဲ့ေနရာမွာ ျပန္လာခ်င္ေနတဲ့ ဒုကၡသည္ေတြထဲက သူ အထူးေထာက္ျပသြားတာကေတာ့ ဟိႏၵဴဒုကၡသည္ ၄၀၀ ေလာက္က ျပန္ခ်င္တယ္ ဆုိတဲ့ဟာကို ျပန္ပုိ႔ေပးေရး လုပ္ေဆာင္ဖို႔ ဆုိၿပီးေတာ့ ဘဂၤလားေဒ့ရွ္ကုိ ေတာင္းဆုိသြားတာ ေတြ႔ရပါတယ္။

ဒီတခါ ဒုကၡသည္ေတြကို ႏုိင္ငံသားျဖစ္မႈဆုိင္ရာနဲ႔ ပတ္သက္ၿပီးေတာ့လည္း လက္ရွိ ႏုိင္ငံသားဥပေဒအရ လုပ္သြားမယ္၊ ၿပီးေတာ့ NVC လို႔ သိၾကတဲ့ ကတ္ျပားေပါ့၊ ဒီ NVC လုပ္ငန္းစဥ္လည္း ဆက္လုပ္မယ္၊ အဲဒီအခါမွာ သူေျပာသြားတာက ဒီ NVC ကတ္ျပားသည္ အေမရိကန္ျပည္ေထာင္စုမွာ ထုတ္ေပးတဲ့ အၿမဲတမ္းေနထုိင္ခြင့္ အသိအမွတ္ျပဳကတ္ျပား အဲဒီကတ္နဲ႔ အတူတူပဲဆုိတာ သူ ထည့္ေျပာသြားတာ မွတ္သားမိပါတယ္။

တခါ ARSA ရဲ႕ ၿခိမ္းေျခာက္မႈၾကားကပဲ လူ ၃၀၀ ေလာက္ ျပန္ေရာက္လာၿပီ။ သူတုိ႔ဘဝေတြ ျပန္ၿပီးေတာ့ စတင္ေနၿပီဆုိတာလည္း ထည့္ေျပာသြားပါတယ္။ ဒါ့အျပင္ ရခုိင္ကိစၥနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာက ဖိအားေပးတာေတြ ရွိေနတယ္။ ဖိအားေပးတာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ျမန္မာအစုိးရအေနနဲ႔က ဒါေတြကုိ လက္ခံသြားမွာမဟုတ္ဘဲ၊ ေခါင္းငုံ႔ခံေနမွာမဟုတ္ဘဲ တုံ႔ျပန္သြားမယ္ဆုိတဲ့ သေဘာမ်ဳိး ေျပာတဲ့အျပင္ က်ေနာ္မွတ္သားလိုက္ထဲ့ အထဲမွာေတာ့ ျမန္မာႏုိင္ငံရဲ႕ အေျခခံဥပေဒက ျပည့္စုံလုံေလာက္မႈရွိတဲ့ အေျခခံဥပေဒတခု မဟုတ္ဘူးဆိုတဲ့စကား ပါပါတယ္။ ၿပီးေတာ့ အေျခခံဥပေဒျပင္ဆင္ေရး လႊတ္ေတာ္မွာ လက္ရွိလုပ္ေဆာင္ေနတာေတြကို သူ ထည့္ေျပာသြားပါတယ္။

ေနာက္တခါ ရခုိင္ျပည္နယ္ထဲမွာ ျဖစ္ခဲ့တဲ့ ကိစၥေတြမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္တဲ့ စြပ္စြဲခ်က္ေတြကိုလည္းပဲ ေကာ္မရွင္ေတြဖြဲ႔ၿပီး စုံစမ္းစစ္ေဆးေနတာ ရွိတယ္။ ဒါ့အျပင္ ျမန္မာ့တပ္မေတာ္ကလည္းပဲ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒေအာက္မွာ ေပးအပ္ထားတဲ့ လုပ္ပုိင္ခြင့္ေအာက္မွာ စစ္တရားစီရင္ေရးအရ စစ္ခုံ႐ုံးတင္ၿပီး စစ္ေဆးတာေတြ လုပ္ေနတယ္။ ဒီစစ္ခုံ႐ုံး စစ္ေဆးမႈေတြရဲ႕ ရလဒ္ေတြကိုလည္း ေစာင့္ပါဆုိၿပီး ေျပာသြားတာမ်ဳိး ရွိပါတယ္။

ႏုိင္ငံတကာဖိအား ေနရာမွာလည္း ICC က စုံစမ္းစစ္ေဆးေနတာကိုလည္း လက္ခံမွာ မဟုတ္တဲ့အေၾကာင္း ထပ္ေျပာပါတယ္။ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔တုိ႔၊ ကုလသမဂၢ သီးျခားလြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႔တုိ႔ ဒါေတြက လုပ္ေဆာင္ေနတာေတြ ဖြဲ႔စည္းတာေတြကုိလည္း ကန္႔ကြက္တယ္၊ ျမန္မာအစုိးရအေနနဲ႔ လက္မခံဘူးဆုိတာ အဲဒါေတြကိုလည္းပဲ အေလးအနက္ ထည့္ၿပီးေတာ့ ေျပာသြားတာ ရွိပါတယ္ခင္ဗ်။

ေမး - ဟုတ္ကဲ့ ကိုေက်ာ္ေက်ာ္သိန္းေရ၊ ဝန္ႀကီး အခုေျပာသြားတဲ့ အခ်က္ေတြက အစိုးရဘက္က ပုံမွန္ေခ်ပေနတဲ့ အခ်က္မ်ဳိးပဲလား၊ ဘာမ်ား ထူးျခားမႈရွိပါသလဲ။

ကိုေက်ာ္ေက်ာ္သိန္း - ဒီ ေခ်ပခ်က္ေတြ၊ ေျပာဆုိခ်က္ေတြ၊ တုံ႔ျပန္ခ်က္ေတြက ျမန္မာအစုိးရ တာဝန္ရွိသူေတြ အစဥ္တစိုက္ ေျပာဆုိ တုံ႔ျပန္ ေခ်ပလာတဲ့ ကိစၥေတြလည္း ျဖစ္ပါတယ္။ ဒီ့ထက္ပိုၿပီးေတာ့ အားေကာင္းေမာင္းသန္ အျပင္းအထန္ ေျပာဆုိတာမ်ဳိးေတာ့ ေသခ်ာမေတြ႔ရပါဘူး။ ပုံမွန္ေျပာဆုိ တုံ႔ျပန္ေနၾကအတုိင္းလို႔ပဲ ေျပာရမွာျဖစ္ပါတယ္။

------------------------------

(Unicode)

ကုလညီလာခံမှာ တင်ပြတဲ့ မြန်မာ့မူဝါဒ

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒေသစံတော်ချိန် စက်တင်ဘာ ၂၈ ရက် ညနေပိုင်း မိန့်ခွန်းပြောကြားရာမှာ ရခိုင်အရေးကိစ္စကို အတော်လေး အချိန်ယူ ပြောကြားသွားပါတယ်။ ညီလာခံမှာ ဝန်ကြီး ဦးကျော်တင့်ဆွေ ဘယ်လိုအချက်တွေကို အဓိကထား ပြောသွားပါသလဲလို့ ကုလသမဂ္ဂရုံးချုပ်မှာ သွားရောက် သတင်းယူနေတဲ့ VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းကို မေးမြန်းကြည့်တဲ့အခါ သူက ခုလို စပြောပါတယ်။

ကိုကျော်ကျော်သိန်း - ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောသွားတာတွေကို ကျနော်တို့ ခေါင်းစဉ်အရ ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ၊ ပြီးတော့ လက်ရှိမှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်နေတာတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ လုပ်နေတာတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နေတာတွေ၊ အဲဒါတွေအပြင် ရခိုင်ပြည်နယ် အရေးကိစ္စကိုတော့ အချိန်တော်တော်လေး ယူပြီး ပြောသွားပါတယ်။ ဒါက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဓိက ပြောသွားတဲ့ အကြောင်းအရာတွေလို့ ဆိုရမှာပါဗျ။

မေး - ဟုတ်ကဲ့ခင်ဗျား၊ ဆိုတော့ ရခိုင်ပြည်နယ် အရေးကိစ္စ အဓိက ပြောသွားတယ်ဆိုတော့လေ ဘယ်လိုအကြောင်းအရာတွေများ ပြောသွားတာပါလဲ။

ကိုကျော်ကျော်သိန်း - ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ အစောပိုင်းမှာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတာတွေ၊ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး၊ ဘင်္ဂလားဒေ့ရှ်၊ UNDP၊ UNHCR၊ အာဆီယံ၊ နိုင်ငံတကာ စသည်အားဖြင့် ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စတွေ၊ တခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုကော်မတီ ဖွဲ့စည်းထားတာ၊ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းထားတာ၊ အဲလိုကိစ္စတွေကို ပြောသွားပါတယ်။

ပြောသွားပြီးတဲ့နောက်မှာတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေအတိုင်း လုပ်ဖို့ အရေးကြီးတယ် ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ထည့်ပြောပါတယ်။ အဲဒီသဘောတူညီချက် ဆိုတဲ့နေရာမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ဆိုတာမျိုး လနဲ့ နှစ်နဲ့ အတိအကျ ပြောပြီးတော့ အဲဒီ သဘောတူညီချက်အရ ဒုက္ခသည် ပြန်လက်ခံရေးကို လုပ်ချင်တယ်၊ အဲဒီအတိုင်းပဲ လုပ်ရမယ်ဆိုတာကို ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လက်ခံတဲ့နေရာမှာ ပြန်လာချင်နေတဲ့ ဒုက္ခသည်တွေထဲက သူ အထူးထောက်ပြသွားတာကတော့ ဟိန္ဒူဒုက္ခသည် ၄၀၀ လောက်က ပြန်ချင်တယ် ဆိုတဲ့ဟာကို ပြန်ပို့ပေးရေး လုပ်ဆောင်ဖို့ ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုသွားတာ တွေ့ရပါတယ်။

ဒီတခါ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်မှုဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိ နိုင်ငံသားဥပဒေအရ လုပ်သွားမယ်၊ ပြီးတော့ NVC လို့ သိကြတဲ့ ကတ်ပြားပေါ့၊ ဒီ NVC လုပ်ငန်းစဉ်လည်း ဆက်လုပ်မယ်၊ အဲဒီအခါမှာ သူပြောသွားတာက ဒီ NVC ကတ်ပြားသည် အမေရိကန်ပြည်ထောင်စုမှာ ထုတ်ပေးတဲ့ အမြဲတမ်းနေထိုင်ခွင့် အသိအမှတ်ပြုကတ်ပြား အဲဒီကတ်နဲ့ အတူတူပဲဆိုတာ သူ ထည့်ပြောသွားတာ မှတ်သားမိပါတယ်။

တခါ ARSA ရဲ့ ခြိမ်းခြောက်မှုကြားကပဲ လူ ၃၀၀ လောက် ပြန်ရောက်လာပြီ။ သူတို့ဘဝတွေ ပြန်ပြီးတော့ စတင်နေပြီဆိုတာလည်း ထည့်ပြောသွားပါတယ်။ ဒါ့အပြင် ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးတာတွေ ရှိနေတယ်။ ဖိအားပေးတာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရအနေနဲ့က ဒါတွေကို လက်ခံသွားမှာမဟုတ်ဘဲ၊ ခေါင်းငုံ့ခံနေမှာမဟုတ်ဘဲ တုံ့ပြန်သွားမယ်ဆိုတဲ့ သဘောမျိုး ပြောတဲ့အပြင် ကျနော်မှတ်သားလိုက်ထဲ့ အထဲမှာတော့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေက ပြည့်စုံလုံလောက်မှုရှိတဲ့ အခြေခံဥပဒေတခု မဟုတ်ဘူးဆိုတဲ့စကား ပါပါတယ်။ ပြီးတော့ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ လက်ရှိလုပ်ဆောင်နေတာတွေကို သူ ထည့်ပြောသွားပါတယ်။

နောက်တခါ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကိုလည်းပဲ ကော်မရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတာ ရှိတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်ကလည်းပဲ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအောက်မှာ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အောက်မှာ စစ်တရားစီရင်ရေးအရ စစ်ခုံရုံးတင်ပြီး စစ်ဆေးတာတွေ လုပ်နေတယ်။ ဒီစစ်ခုံရုံး စစ်ဆေးမှုတွေရဲ့ ရလဒ်တွေကိုလည်း စောင့်ပါဆိုပြီး ပြောသွားတာမျိုး ရှိပါတယ်။

နိုင်ငံတကာဖိအား နေရာမှာလည်း ICC က စုံစမ်းစစ်ဆေးနေတာကိုလည်း လက်ခံမှာ မဟုတ်တဲ့အကြောင်း ထပ်ပြောပါတယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တို့၊ ကုလသမဂ္ဂ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ဒါတွေက လုပ်ဆောင်နေတာတွေ ဖွဲ့စည်းတာတွေကိုလည်း ကန့်ကွက်တယ်၊ မြန်မာအစိုးရအနေနဲ့ လက်မခံဘူးဆိုတာ အဲဒါတွေကိုလည်းပဲ အလေးအနက် ထည့်ပြီးတော့ ပြောသွားတာ ရှိပါတယ်ခင်ဗျ။

မေး - ဟုတ်ကဲ့ ကိုကျော်ကျော်သိန်းရေ၊ ဝန်ကြီး အခုပြောသွားတဲ့ အချက်တွေက အစိုးရဘက်က ပုံမှန်ချေပနေတဲ့ အချက်မျိုးပဲလား၊ ဘာများ ထူးခြားမှုရှိပါသလဲ။

ကိုကျော်ကျော်သိန်း - ဒီ ချေပချက်တွေ၊ ပြောဆိုချက်တွေ၊ တုံ့ပြန်ချက်တွေက မြန်မာအစိုးရ တာဝန်ရှိသူတွေ အစဉ်တစိုက် ပြောဆို တုံ့ပြန် ချေပလာတဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီးတော့ အားကောင်းမောင်းသန် အပြင်းအထန် ပြောဆိုတာမျိုးတော့ သေချာမတွေ့ရပါဘူး။ ပုံမှန်ပြောဆို တုံ့ပြန်နေကြအတိုင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။

ေက်ာ္ေက်ာ္သိန္း/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကုလညီလာခံမွာ တင္ျပတဲ့ ျမန္မာ့မူ၀ါဒ ကုလညီလာခံမွာ တင္ျပတဲ့ ျမန္မာ့မူ၀ါဒ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.