ားဆောင်း-မော်ချီးလမ်း ၁၂မိုင်ကုန်းဆင်း၌ တွဲကားတစ်စီး တိမ်းမှောက် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ


ဖားဆောင်း စက်တင်ဘာ ၁၇

ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်း-မော်ချီးလမ်း ၁၂မိုင် ကုန်းဆင်းတွင် မော်ချီးမှ လွိုင်ကော်သို့ weel loader ‌မြေကော်စက် တင်ဆောင်လာတဲ့ ၁၈ဘီး တွဲကား မှာ စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှု‌ကြောင့် အကူယာဉ်မောင်း တင်ကိုလတ်(၃၁)နှစ်၊ ကွက်ကြီး ကျေးရွာအုပ်စု ၊ ‌မြောက်ရဲစုရပ်ကွက်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနေသူမှာ အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကျော်သူ(၂၈)နှစ်၊ မလှိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ နှင့် သံချောင်း(၂၂)နှစ်၊ ယာဉ်နောက်လိုက် မလှိုင်မြို့နယ် ၊ မန္တလေးတိုင်း ဒေသကြီးနေသူ တို့မှာ အတွင်းလူနာ (မစိုးရိမ်ရ) တို့အား ဖားဆောင်းမြို့ အခြေစိုက် ရွှေပြည်သို့ လူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ကူညီကယ်ဆယ်ခဲ့ကြပြီး ဖားဆောင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

ကိုစိုင်း (လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ားဆောင်း-မော်ချီးလမ်း ၁၂မိုင်ကုန်းဆင်း၌ တွဲကားတစ်စီး တိမ်းမှောက် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရားဆောင်း-မော်ချီးလမ်း ၁၂မိုင်ကုန်းဆင်း၌ တွဲကားတစ်စီး တိမ်းမှောက် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.