ဥတုရာသီထိန္းသိမ္းေရး လႈပ္ရွားမႈ ျမန္မာလူငယ္ေတြ ဦးေဆာင္က်င္းပ

ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး ခ်ီတက္လႈပ္ရွားမႈ။ (စက္တင္ဘာ ၂၂၊ ၂၀၁၉)
အစိုးရအေနနဲ႔ ရာသီဥတုဆိုင္ရာ အေရးေပၚအေျခအေနအေပၚ ထိေရာက္တဲ့ တုံ႔ျပန္ေဆာင္ရြက္မႈေတြ အျမန္ဆံုးလုပ္ဖို႔၊ သဘာဝပတ္ဝန္းက်င္ ပ်က္စီးယိုယြင္းေစမယ့္ စီမံကိန္းေတြအားလံုး ခ်က္ခ်င္းရပ္ဆိုင္းပစ္ဖို႔နဲ႔ လူမႈအဖြဲ႔အစည္း အားလံုးအတြက္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ တရားမွ်တမႈရဖို႔ ကမၻာလံုးဆိုင္ရာ ဥတုရာသီကပ္ေဘး တုိက္ဖ်က္ေရး လႈပ္ရွားမႈမွာ ပါဝင္တဲ့ ျမန္မာသဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားတဲ့ ေက်ာင္းသားလူငယ္ေတြက ေတာင္းဆိုလိုက္ၾကပါတယ္။ အစိုးရဘက္က ရာသီဥတုနဲ႔ပတ္သက္ၿပီး ျပည္သူကို အာမခံခ်က္မေပးမခ်င္း ျမန္မာႏုိင္ငံတဝွမ္း ဆက္လက္ေတာင္းဆို ဆႏၵျပသြားမယ္လို႔လည္း သဘာဝပတ္ဝန္းက်င္ လႈပ္ရွားသူေတြက ေျပာဆိုလိုက္ၾကပါတယ္။ ဒီကေန႔ ေန႔လယ္ပုိင္း ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ကမာၻလံုးဆိုင္ရာ ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး ခ်ီတက္လႈပ္ရွားမႈအေၾကာင္း မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ကမၻာတဝွမ္းမွာ လူထုလူတန္းစားေပါင္းစံု ပါဝင္တဲ့ ကမာၻလံုးဆိုင္ရာ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး ခ်ီတက္လႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံမွာလည္း ဒီကေန႔ စက္တင္ဘာလ ၂၂ ရက္ေန႔ တနဂၤေႏြေန႔မွာ သဘာဝပတ္ဝန္းက်င္လႈပ္ရွားသူ ေက်ာင္းသားလူငယ္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ျပည္သူေတြ ကမာၻလံုးဆုိင္ရာ ဥတုရာသီ ကပ္ေဘးတိုက္ဖ်က္ေရး စာတန္းပါ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ ေတာင္းဆိုခ်က္ေတြကို ဟစ္ေအာ္ၿပီး ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေစ်းသစ္ကေန မဟာဗႏၶဳလပန္းၿခံေရွ႕ထိ စု႐ံုးခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး လႈပ္ရွားမႈ Strike for Climate Myanmar ရဲ႕ အဓိက ေတာင္းဆိုခ်က္ေတြအေၾကာင္း ဧမာေႏြလ ဘုရားရွိခိုးေက်ာင္း စုရပ္ေရွ႕မွာေတာ့ လႈပ္ရွားမႈ ဦးေဆာင္စီစဥ္သူေတြဘက္က အစိုးရကို ေတာင္းဆိုသလို ရန္ကုန္ျပည္သူေတြကို ရွင္းျပရင္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႔ ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္ၾကဖို႔ အခုလို လႈံ႔ေဆာ္ပါတယ္။

“က်ေနာ္တုိ႔ ဒီေန႔ကေတာ့ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး လႈပ္ရွားမႈျဖစ္ပါတယ္။ က်ေနာ္တုိ႔ရဲ႕ လႈပ္ရွားမႈမွာ ေတာင္းဆုိခ်က္ အဓိက သုံးခုရွိပါတယ္။ ပထမတခုက Climate Emergency ကုိ အသိအမွတ္ျပဳၿပီးမွ ထိေရာက္လုံေလာက္တဲ့ တုံ႔ျပန္ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ဖုိ႔အတြက္ ျဖစ္ပါတယ္။ ေနာက္တခ်က္က လက္ရွိ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈနဲ႔ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈ ျဖစ္ေစတဲ့ စီမံကိန္းေတြ အၿပီးတုိင္ရပ္ဆုိင္းဖုိ႔ ျဖစ္ပါတယ္။ ေနာက္ဆုံးတခုက ရပ္ရြာေနျပည္သူေတြ အားလုံးအတြက္ သဘာဝပတ္ဝန္းက်င္ဆုိင္ရာ တရားမွ်တမႈ Environmental Justice ရရွိေရးအတြက္ ျဖစ္ပါတယ္။

“ဒီေတာင္းဆုိခ်က္သုံးခ်က္ကုိ ကုိင္စြဲၿပီးေတာ့မွ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး လႈပ္ရွားမႈကို ျမန္မာျပည္္မွာ လုပ္ပါတယ္။ ဒီေန႔လုပ္တာက ရန္ကုန္မွာ ေျခာက္ႀကိမ္ေျမာက္ ျဖစ္ပါတယ္။ ဒီလႈပ္ရွားမႈကို ျမန္မာျပည္ တျခားၿမိဳ႕ တျခားေနရာေတြကုိလည္း ထပ္ၿပီး ျဖန္႔ၾကက္သြားမွာ ျဖစ္ပါတယ္။”

သဘာဝပတ္ဝန္းက်င္ ပ်က္စီးယိုယြင္းေစမယ့္ စီမံကိန္းေတြ၊ အဆင္ျခင္မဲ့ သစ္ခုတ္မႈေတြ၊ သစ္ပင္သစ္ေတာ ျပဳန္းတီးမႈေတြျဖစ္ၿပီး မိုးေခါင္ေရွရွားမႈေတြ ျဖစ္သလို မုတ္သံုမိုးရာသီမွာ မႀကံဳစဘူး ေရလႊမ္းမိုး ေျမၿပိဳမႈေတြလို ဆိုးဝါးလြန္းလွတဲ့ သဘာဝေဘးအႏၱရာယ္ေတြနဲ႔ ကမၻာႀကီးမွာ ရာသီဥတုကပ္ေဘး တေန႔တျခား ပိုမိုဆိုးရြားလာေနတဲ့ အေနအထားအေပၚ အစိုးရ၊ ျပည္သူတဦးခ်င္းမွာ တာဝန္ရွိတယ္လို႔ လႈပ္ရွားသူေတြက လံႈ႔ေဆာ္တုိက္တြန္းပါတယ္။

ကမာၻသားတဦးအေနနဲ႔ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး တာဝန္ရွိတယ္လို႔ ခံယူတဲ့အတြက္ ဒီကေန႔ ရန္ကုန္က ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး လႈပ္ရွားမႈမွာ ကိုယ္တုိင္ ပူးေပါင္းပါဝင္ခဲ့တာလို႔ လူ႔အခြင့္အေရးလႈပ္ရွားသူ ကိုသက္ေဆြဝင္းကလည္း ေျပာပါတယ္။

“ဒီေန႔ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး က်ေနာ္ပါဝင္ျဖစ္ခဲ့တဲ့ ကိစၥကေတာ့ ႏုိင္ငံေတာ္က ကုိင္တြယ္တာမ်ဳိးေတြ မရွိဘူး။ ၿပီးေတာ့ ဒီရက္ပိုင္းထဲမွာလည္း ထပ္ၿပီးေတာ့ မြန္ျပည္နယ္ဝန္ႀကီး ေျပာတဲ့ဟာတခုေတြ႔တယ္။ သဘာဝေဘးအႏၱရာယ္ ႀကဳံႏုိင္တဲ့ေနရာ ထုတ္မေျပာဘူးဆိုတာ ျပည္သူေတြအတြက္ ျပည္သူေတြ ေၾကာက္ေနမွစုိးလုိ႔ ဆုိၿပီးေတာ့ အဓိပၸာယ္မရွိတဲ့ဟာမ်ဳိးေတြ လုပ္လာတဲ့ေတြ႔ေတာ့ က်ေနာ္တို႔အေနနဲ႔ ဒါ သည္းခံလို႔ မရဘူးေပါ့။ ဥပမာ သစ္ပင္ေတြခုတ္တာ မ်ဳိးစုံေပါ့။ အဲဒီျပႆနာေတြက ပုိၿပီးေတာ့ ျပည္သူေတြအတြက္ ခံရမယ့္ကိစၥေတြ ျဖစ္တယ္။ အစုိးရ အေနနဲ႔ ဒါေတြကို ထိထိေရာက္ေရာက္ ကုိင္တြယ္ေပးဖို႔အတြက္ကို က်ေနာ္တုိ႔ ေထာက္ခံတဲ့ အေနနဲ႔ေရာ၊ ၿပီးခဲ့အခါက်ေတာ့ တကမၻာလုံး အျပည္ျပည္ဆုိင္ရာ လႈပ္ရွားမႈေပါ့ လုပ္ေနတဲ့အခ်ိန္မို႔ က်ေနာ္တုိ႔အေနနဲ႔ ျမန္မာႏုိင္ငံအတြက္လည္း အစုိးရအေနနဲ႔ လုပ္ဖို႔သင့္တဲ့အတြက္ က်ေနာ္တုိ႔ တုိက္တြန္းတာပါ။

“လူက ဒီေန႔ သုံးရာနဲ႔ ေလးရာၾကားေလာက္ လာပါတယ္။ လူစုံပါတယ္။ တက္ႂကြလႈပ္ရွားသူေတြ ေတာ္ေတာ္မ်ားမ်ား လာၾကတယ္။ ထူးျခားတာကေတာ့ ႏုိင္ငံျခားသားေတြ ေတာ္ေတာ္မ်ားမ်ား ပါတယ္။ ႏုိင္ငံျခားသား ကေလးေတြပါတယ္၊ အမ်ဳိးသမီးေတြပါတယ္။ ေတာ္ေတာ္မ်ားမ်ား လာၿပီး ပူးေပါင္းၾကတာရွိတယ္။”

အစုိးရဘက္က သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈေၾကာင့္ ျဖစ္လာတဲ့ ရာသီဥတုေဘး ကပ္ဆိုးေတြကို တြန္းလွန္ကာကြယ္ႏိုင္ဖို႔ ခိုင္မာတဲ့မူဝါဒေတြ ခ်မွတ္ေပးဖို႔ ႏိုင္ငံသူ ႏုိင္ငံသားေတြကိုလည္း ပိုၿပီးေတာ့ သတိရွိလာေအာင္ တိုက္တြန္းႏႈိးေဆာ္မႈေတြ လုပ္ဖို႔နဲ႔ အစိုးရဘက္က ရာသီဥတုနဲ႔ပတ္သက္ၿပီး ျပည္သူကို အာမခံခ်က္ မေပးမခ်င္း ျမန္မာႏိုင္ငံတဝွမ္း တျခားၿမိဳ႕ႀကီးေတြမွာပါ ဆက္လက္ေတာင္းဆို ဆႏၵျပသြားမယ္လို႔လည္း သဘာဝပတ္ဝန္းက်င္ လႈပ္ရွားသူေတြက ေျပာဆိုခဲ့ၾကပါတယ္။

ဆြီဒင္ႏိုင္ငံက အသက္ ၁၅ ႏွစ္အရြယ္ ေက်ာင္းသူေလး Greta Thunberg တကိုယ္ေတာ္ ဦးေဆာင္ခဲ့တဲ့ ရာသီဥတုကပ္ေဘးဆိုင္ရာ လႈပ္ရွားမႈကေန ျဖစ္တည္လာတဲ့ ကမၻာလံုးဆုိင္ရာ ဥတုရာသီကပ္ေဘးဆိုင္ရာ လႈပ္ရွားမႈႀကီးမွာ ပူးေပါင္းပါဝင္ခဲ့တဲ့ ဒီကေန႔ ရန္ကုန္ၿမိဳ႕က ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး လႈပ္ရွားမႈမွာေတာ့ ျပည္သူလူထုနဲ႔ တက္ႂကြလႈပ္ရွားသူေတြ လူရာခ်ီ ပူးေပါင္းပါဝင္ခဲ့ၾကၿပီး သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ေတးသီခ်င္းေတြနဲ႔လည္း လႈံ႔ေဆာ္တိုက္တြန္းခဲ့ၾကပါတယ္။

-------------------------

(Unicode)

ဥတုရာသီထိန်းသိမ်းရေး လှုပ်ရှားမှု မြန်မာလူငယ်တွေ ဦးဆောင်ကျင်းပ

အစိုးရအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေအပေါ် ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေမယ့် စီမံကိန်းတွေအားလုံး ချက်ချင်းရပ်ဆိုင်းပစ်ဖို့နဲ့ လူမှုအဖွဲ့အစည်း အားလုံးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရဖို့ ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ မြန်မာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားတဲ့ ကျောင်းသားလူငယ်တွေက တောင်းဆိုလိုက်ကြပါတယ်။ အစိုးရဘက်က ရာသီဥတုနဲ့ပတ်သက်ပြီး ပြည်သူကို အာမခံချက်မပေးမချင်း မြန်မာနိုင်ငံတဝှမ်း ဆက်လက်တောင်းဆို ဆန္ဒပြသွားမယ်လို့လည်း သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး ချီတက်လှုပ်ရှားမှုအကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်းမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး ချီတက်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာလည်း ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့မှာ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူ ကျောင်းသားလူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီ ကပ်ဘေးတိုက်ဖျက်ရေး စာတန်းပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင် တောင်းဆိုချက်တွေကို ဟစ်အော်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်ကနေ မဟာဗန္ဓုလပန်းခြံရှေ့ထိ စုရုံးချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှု Strike for Climate Myanmar ရဲ့ အဓိက တောင်းဆိုချက်တွေအကြောင်း ဧမာနွေလ ဘုရားရှိခိုးကျောင်း စုရပ်ရှေ့မှာတော့ လှုပ်ရှားမှု ဦးဆောင်စီစဉ်သူတွေဘက်က အစိုးရကို တောင်းဆိုသလို ရန်ကုန်ပြည်သူတွေကို ရှင်းပြရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့ အခုလို လှုံ့ဆော်ပါတယ်။

“ကျနော်တို့ ဒီနေ့ကတော့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လှုပ်ရှားမှုမှာ တောင်းဆိုချက် အဓိက သုံးခုရှိပါတယ်။ ပထမတခုက Climate Emergency ကို အသိအမှတ်ပြုပြီးမှ ထိရောက်လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။ နောက်တချက်က လက်ရှိ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စေတဲ့ စီမံကိန်းတွေ အပြီးတိုင်ရပ်ဆိုင်းဖို့ ဖြစ်ပါတယ်။ နောက်ဆုံးတခုက ရပ်ရွာနေပြည်သူတွေ အားလုံးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု Environmental Justice ရရှိရေးအတွက် ဖြစ်ပါတယ်။

“ဒီတောင်းဆိုချက်သုံးချက်ကို ကိုင်စွဲပြီးတော့မှ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုကို မြန်မာပြည်မှာ လုပ်ပါတယ်။ ဒီနေ့လုပ်တာက ရန်ကုန်မှာ ခြောက်ကြိမ်မြောက် ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို မြန်မာပြည် တခြားမြို့ တခြားနေရာတွေကိုလည်း ထပ်ပြီး ဖြန့်ကြက်သွားမှာ ဖြစ်ပါတယ်။”

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေမယ့် စီမံကိန်းတွေ၊ အဆင်ခြင်မဲ့ သစ်ခုတ်မှုတွေ၊ သစ်ပင်သစ်တော ပြုန်းတီးမှုတွေဖြစ်ပြီး မိုးခေါင်ရှေရှားမှုတွေ ဖြစ်သလို မုတ်သုံမိုးရာသီမှာ မကြုံစဘူး ရေလွှမ်းမိုး မြေပြိုမှုတွေလို ဆိုးဝါးလွန်းလှတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကမ္ဘာကြီးမှာ ရာသီဥတုကပ်ဘေး တနေ့တခြား ပိုမိုဆိုးရွားလာနေတဲ့ အနေအထားအပေါ် အစိုးရ၊ ပြည်သူတဦးချင်းမှာ တာဝန်ရှိတယ်လို့ လှုပ်ရှားသူတွေက လှုံ့ဆော်တိုက်တွန်းပါတယ်။

ကမ္ဘာသားတဦးအနေနဲ့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး တာဝန်ရှိတယ်လို့ ခံယူတဲ့အတွက် ဒီကနေ့ ရန်ကုန်က ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ကိုယ်တိုင် ပူးပေါင်းပါဝင်ခဲ့တာလို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းကလည်း ပြောပါတယ်။

“ဒီနေ့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး ကျနော်ပါဝင်ဖြစ်ခဲ့တဲ့ ကိစ္စကတော့ နိုင်ငံတော်က ကိုင်တွယ်တာမျိုးတွေ မရှိဘူး။ ပြီးတော့ ဒီရက်ပိုင်းထဲမှာလည်း ထပ်ပြီးတော့ မွန်ပြည်နယ်ဝန်ကြီး ပြောတဲ့ဟာတခုတွေ့တယ်။ သဘာဝဘေးအန္တရာယ် ကြုံနိုင်တဲ့နေရာ ထုတ်မပြောဘူးဆိုတာ ပြည်သူတွေအတွက် ပြည်သူတွေ ကြောက်နေမှစိုးလို့ ဆိုပြီးတော့ အဓိပ္ပာယ်မရှိတဲ့ဟာမျိုးတွေ လုပ်လာတဲ့တွေ့တော့ ကျနော်တို့အနေနဲ့ ဒါ သည်းခံလို့ မရဘူးပေါ့။ ဥပမာ သစ်ပင်တွေခုတ်တာ မျိုးစုံပေါ့။ အဲဒီပြဿနာတွေက ပိုပြီးတော့ ပြည်သူတွေအတွက် ခံရမယ့်ကိစ္စတွေ ဖြစ်တယ်။ အစိုးရ အနေနဲ့ ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့အတွက်ကို ကျနော်တို့ ထောက်ခံတဲ့ အနေနဲ့ရော၊ ပြီးခဲ့အခါကျတော့ တကမ္ဘာလုံး အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုပေါ့ လုပ်နေတဲ့အချိန်မို့ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက်လည်း အစိုးရအနေနဲ့ လုပ်ဖို့သင့်တဲ့အတွက် ကျနော်တို့ တိုက်တွန်းတာပါ။

“လူက ဒီနေ့ သုံးရာနဲ့ လေးရာကြားလောက် လာပါတယ်။ လူစုံပါတယ်။ တက်ကြွလှုပ်ရှားသူတွေ တော်တော်များများ လာကြတယ်။ ထူးခြားတာကတော့ နိုင်ငံခြားသားတွေ တော်တော်များများ ပါတယ်။ နိုင်ငံခြားသား ကလေးတွေပါတယ်၊ အမျိုးသမီးတွေပါတယ်။ တော်တော်များများ လာပြီး ပူးပေါင်းကြတာရှိတယ်။”

အစိုးရဘက်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်လာတဲ့ ရာသီဥတုဘေး ကပ်ဆိုးတွေကို တွန်းလှန်ကာကွယ်နိုင်ဖို့ ခိုင်မာတဲ့မူဝါဒတွေ ချမှတ်ပေးဖို့ နိုင်ငံသူ နိုင်ငံသားတွေကိုလည်း ပိုပြီးတော့ သတိရှိလာအောင် တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ဖို့နဲ့ အစိုးရဘက်က ရာသီဥတုနဲ့ပတ်သက်ပြီး ပြည်သူကို အာမခံချက် မပေးမချင်း မြန်မာနိုင်ငံတဝှမ်း တခြားမြို့ကြီးတွေမှာပါ ဆက်လက်တောင်းဆို ဆန္ဒပြသွားမယ်လို့လည်း သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြပါတယ်။

ဆွီဒင်နိုင်ငံက အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေး Greta Thunberg တကိုယ်တော် ဦးဆောင်ခဲ့တဲ့ ရာသီဥတုကပ်ဘေးဆိုင်ရာ လှုပ်ရှားမှုကနေ ဖြစ်တည်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီကပ်ဘေးဆိုင်ရာ လှုပ်ရှားမှုကြီးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဒီကနေ့ ရန်ကုန်မြို့က ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုမှာတော့ ပြည်သူလူထုနဲ့ တက်ကြွလှုပ်ရှားသူတွေ လူရာချီ ပူးပေါင်းပါဝင်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တေးသီချင်းတွေနဲ့လည်း လှုံ့ဆော်တိုက်တွန်းခဲ့ကြပါတယ်။

မဆုမြန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဥတုရာသီထိန္းသိမ္းေရး လႈပ္ရွားမႈ ျမန္မာလူငယ္ေတြ ဦးေဆာင္က်င္းပ ဥတုရာသီထိန္းသိမ္းေရး လႈပ္ရွားမႈ ျမန္မာလူငယ္ေတြ ဦးေဆာင္က်င္းပ Reviewed by THITHTOOLWIN on 12:35 Rating: 5
Powered by Blogger.