ကျွန်းစုမြို့နယ်တွင် စက်လှေတစ်စီးတိမ်းမှောက် ၂ ဦးသေပြီး ၃ ဦးပျောက်ဆုံးနေ


22.9.2019

ကျွန်းစုမြို့နယ် ၊ ဝါရစ်ကျေးရွာအုပ်စု ၊ ဝါရစ်မြစ်အတွင်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်က စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ ၂ ဦးသေပြီး ၃ ဦးပျောက်ဆုံးနေကြောင်းသိရပါတယ်။

ဝါရစ်ကျေးရွာမှ စက်လှေပိုင်ရှင် ဦးအုန်းကြူ နှင့် ရွာသားများက တခြားရွာက နာရေးတစ်ခုသို့ သွားပြီး အပြန်မှာ မြစ်အတွင်းဖြတ်မောင်းစဉ် သစ်ငုတ်တိုင်နဲ့တိုက်မိပြီး စက်လှေတိမ်းမှောက်သွားကြောင်း သိရပါတယ်။

အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁၃ ဦးလိုက်ပါလာတဲ့ စက်လှေ တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၅ ဦး ရေနစ်ပျောက်ဆုံးသွားရာ ဒေသခံရွာသားများကကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အမျိုးသမီး ၂ ဦးကို သေဆုံးလျှက် တွေ့ရှိပြီး ၃ ဦးမှာ ပျောက်ဆုံးနေသေးကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294
ကျွန်းစုမြို့နယ်တွင် စက်လှေတစ်စီးတိမ်းမှောက် ၂ ဦးသေပြီး ၃ ဦးပျောက်ဆုံးနေ ကျွန်းစုမြို့နယ်တွင် စက်လှေတစ်စီးတိမ်းမှောက် ၂ ဦးသေပြီး ၃ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 12:26 Rating: 5
Powered by Blogger.