ကမၻာႀကီးပူေႏြးမႈ ပိုတိုးလာေန

တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕တြင္ ၂၀၁၄ ခုႏွစ္က ေလထုညစ္ညမ္းမႈ ျဖစ္ေပၚေနသည့္ ျမင္ကြင္း။ (ႏုိဝင္ဘာ ၂၅၊ ၂၀၁၄)
တနဂၤေႏြေန႔က ထုတ္ျပန္လိုက္တဲ့ ရာသီဥတုဆိုင္ရာ ကုလသမဂၢ အစီရင္ခံစာမွာ ရာသီဥတု ေဘးအႏၱရာယ္ကို ကာကြယ္တားဆီးဖို႔ ကမၻာႀကီးအေနနဲ႔ အလြန္ကို ေနာက္က်ေနၿပီး ဆိုးက်ဳိးရလဒ္အေနနဲ႔ အပူခ်ိန္ျမင့္မားမႈ လြန္ကဲမႈဟာ ပ်မ္းမွ် ငါးႏွစ္တႀကိမ္ တိုင္းတာခ်က္အရ အခု ၂၀၁၅-၂၀၁၉ ခုႏွစ္ ငါးႏွစ္တာကာလအတြင္း တခါမွမရွိဘူးေသးတဲ့ အပူခ်ိန္အျမင့္ဆံုးထိ ေရာက္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး ဦးတည္ခ်က္ေတြကို ႏိုင္ငံေတြအေနနဲ႔ တိုးျမႇင့္ေဆာင္ရြက္ဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ဖိအားေပးေနတာျဖစ္ၿပီး ဒီကေန႔ တနလၤာေန႔မွာ ႏိုင္ငံေပါင္း ၆၀ ေက်ာ္က ေခါင္းေဆာင္အသီးသီး တက္ေရာက္မယ့္ ကုလသမဂၢ ရာသီဥတုဆိုင္ရာ ထိပ္သီးညီလာခံ မတိုင္ခင္ အခုလို ကုလသမဂၢရဲ႕ အစီရင္ခံစာ ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒီအစီရင္ခံစာဟာ ကမၻာႀကီးပူေႏြးမႈနဲ႔ ရာသီဥတု ေျပာင္းလဲမႈရဲ႕ ဆိုးရြားလွတဲ့ အက်ဳိးဆက္ေတြကို တားဆီးေရး ခိုင္မာတဲ့ ျပဳမူေဆာင္ရြက္ခ်က္ေတြ လုပ္ေဆာင္ဖို႔ အေရးတႀကီး လိုအပ္ေနမႈကို မီးေမာင္းထိုးျပထားေၾကာင္း ထိပ္သီးညီလာခံအတြက္ အစီရင္ခံစာကို ေရးသားခဲ့ၾကတဲ့ သိပၸံဆိုင္ရာ အႀကံေပးပညာရွင္အုပ္စုက ေျပာပါတယ္။

ကမၻာ့မိုးေလ၀သဆိုင္ရာ အဖဲြ႔အစည္းက ျပဳစုခဲ့တဲ့ မွတ္တမ္းအစီရင္ခံစာအရ ကမၻာ့အပူခ်ိန္ ပ်မ္းမွ် ငါးႏွစ္တႀကိမ္ တိုင္းတာခ်က္ေတြကို ႏႈိင္းယွဥ္ရာမွာ ၂၀၁၅-၂၀၁၉ ခုႏွစ္အထိ ငါးႏွစ္အတြင္း အပူခ်ိန္ဟာ အျမင့္ဆံုးပဲလို႔ ဆိုပါတယ္။

လက္ရွိသက္တမ္းအတြင္း အပူအခ်ိန္ဟာ စက္မႈေခတ္ အႀကိဳကာလ ၁၈၅၀-၁၉၀၀ နဲ႔ ႏႈိင္းယွဥ္ရင္ ခန္႔မွန္းေခ် ၁.၁ ဒီဂရီ ဆဲလ္စီးယပ္ ျမင့္တက္ခဲ့ၿပီး ၂၀၁၁-၂၀၁၅ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ ၀.၂ ဒီဂရီ ဆဲလ္စီးယပ္ ျမင့္တက္ခဲ့ေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၁၈၅၀ ခုႏွစ္က စတင္တိုင္းတာခဲ့တဲ့ စံခ်ိန္ေတြအရဆိုရင္လည္း လြန္ခဲ့တဲ့ ေလးႏွစ္ကတည္းက အပူခ်ိန္ဟာ အျမင့္ဆံုးကို ေရာက္ရွိေနခဲ့တယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။

----------------------------

(Unicode)

ကမ္ဘာကြီးပူနွေးမှု ပိုတိုးလာနေ

တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်တဲ့ ရာသီဥတုဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာမှာ ရာသီဥတု ဘေးအန္တရာယ်ကို ကာကွယ်တားဆီးဖို့ ကမ္ဘာကြီးအနေနဲ့ အလွန်ကို နောက်ကျနေပြီး ဆိုးကျိုးရလဒ်အနေနဲ့ အပူချိန်မြင့်မားမှု လွန်ကဲမှုဟာ ပျမ်းမျှ ငါးနှစ်တကြိမ် တိုင်းတာချက်အရ အခု ၂၀၁၅-၂၀၁၉ ခုနှစ် ငါးနှစ်တာကာလအတွင်း တခါမှမရှိဘူးသေးတဲ့ အပူချိန်အမြင့်ဆုံးထိ ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဦးတည်ချက်တွေကို နိုင်ငံတွေအနေနဲ့ တိုးမြှင့်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဖိအားပေးနေတာဖြစ်ပြီး ဒီကနေ့ တနင်္လာနေ့မှာ နိုင်ငံပေါင်း ၆၀ ကျော်က ခေါင်းဆောင်အသီးသီး တက်ရောက်မယ့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံ မတိုင်ခင် အခုလို ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးရွားလှတဲ့ အကျိုးဆက်တွေကို တားဆီးရေး ခိုင်မာတဲ့ ပြုမူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေမှုကို မီးမောင်းထိုးပြထားကြောင်း ထိပ်သီးညီလာခံအတွက် အစီရင်ခံစာကို ရေးသားခဲ့ကြတဲ့ သိပ္ပံဆိုင်ရာ အကြံပေးပညာရှင်အုပ်စုက ပြောပါတယ်။

ကမ္ဘာ့မိုးလေဝသဆိုင်ရာ အဖွဲ့အစည်းက ပြုစုခဲ့တဲ့ မှတ်တမ်းအစီရင်ခံစာအရ ကမ္ဘာ့အပူချိန် ပျမ်းမျှ ငါးနှစ်တကြိမ် တိုင်းတာချက်တွေကို နှိုင်းယှဉ်ရာမှာ ၂၀၁၅-၂၀၁၉ ခုနှစ်အထိ ငါးနှစ်အတွင်း အပူချိန်ဟာ အမြင့်ဆုံးပဲလို့ ဆိုပါတယ်။

လက်ရှိသက်တမ်းအတွင်း အပူအချိန်ဟာ စက်မှုခေတ် အကြိုကာလ ၁၈၅၀-၁၉၀၀ နဲ့ နှိုင်းယှဉ်ရင် ခန့်မှန်းချေ ၁.၁ ဒီဂရီ ဆဲလ်စီးယပ် မြင့်တက်ခဲ့ပြီး ၂၀၁၁-၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဝ.၂ ဒီဂရီ ဆဲလ်စီးယပ် မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၁၈၅၀ ခုနှစ်က စတင်တိုင်းတာခဲ့တဲ့ စံချိန်တွေအရဆိုရင်လည်း လွန်ခဲ့တဲ့ လေးနှစ်ကတည်းက အပူချိန်ဟာ အမြင့်ဆုံးကို ရောက်ရှိနေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကမၻာႀကီးပူေႏြးမႈ ပိုတိုးလာေန ကမၻာႀကီးပူေႏြးမႈ ပိုတိုးလာေန Reviewed by THITHTOOLWIN on 12:37 Rating: 5
Powered by Blogger.