ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ


ကျိုင်းတုံ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သြဂုတ်လ ၂၅ရက်နေ့မှ စက်တင်ဘာလ ၁၀ရက်နေ့အထိ မော်တော်ဆိုင်ကယ်ခိုးသူ (၇)ဦးအား မော်တော်ဆိုင်ကယ် (၁၅)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


အဆိုပါဖမ်းဆီးရမိခဲ့သည့် တရားခံများကို ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသည့်မော်တော်ဆိုင်ကယ်များအား မော်တော်ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် မိမိတို့ပိုင်ဆိုင်ကြောင်းသက်သေ အထောက်အထား ပြည့်စုံစွာဖြင့် ကျိုင်းတုံမြို့နယ် ရဲစခန်း၌ လာရောက်ထုတ်ယူပါက ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.