နှစ်နိုင်ငံကုန်သွယ်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့ လာရာက်ဆွေးနွေးမည်


မန္တလေး၊ စက်တင်ဘာ ၁၃

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးမြို့ကို လာရာက်ဆွေးနွေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI က သတင်းရရှိပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကန်တုံမြို့မှာ ကျင်းပမယ့် China Import & Export Fair(Canton Fair) နဲ့ စပ်လျဉ်းလို့ တရုတ်နိုင်ငံ China Foreign Trade Center မှ Mr.Xu Bing, Deputy Director General ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မန္တလေးမြို့မှာ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေး နွေးဖို့ကိုလည်း ပူးတွဲဖိတ်ကြားလာတယ်လို့ အသင်းအလုပ်အမှုဆောင် ဦးကျော်စိုးနိုင်က ပြောပါတယ်။

'' နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ရော ပြပွဲတွေအတွက်ပါ ဆွေးနွေးဖို့လာတာပါ။ ဆွေးနွေးပွဲကို တက်လိုတဲ့ လုပ် ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ပါတယ်'' လို့ ဦးကျော်စိုးနိုင်က ဆိုပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး ကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI ရုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်မှု (import & Export)၊ ပြပွဲများနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှ စီးပွား ရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးကာ ကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ ဖော်ဆောင်သွားဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ နောက်ဆုံး ထားပြီး MRCCI ရုံးကို စာရင်းပေးပို့ရမယ်လို့ သိရပါတယ်။

ထက်အောင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နှစ်နိုင်ငံကုန်သွယ်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့ လာရာက်ဆွေးနွေးမည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့ လာရာက်ဆွေးနွေးမည် Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.