နမ္မတူမြို့နယ်၌ SKAT အမျိုးအစား၊ အဖြူရောင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပေ (၃၀၀)ခန့် ချောက်ထဲသို့ထိုးကျ


နမ္မတူ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ SKAT အမျိုးအစား၊ အဖြူရောင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ယမန်နေ့ နေ့လည် (၁၂)နာရီ (၄၅)မိနစ် ခန့်က လမ်းဘေးပေ (၃၀၀)ခန့် ချောက်ထဲသို့ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မန်တုံမြို့မှ နမ္မတူမြို့သို့ ယာဉ်မောင်း လာမာသား (၄၃)နှစ်၊ ( လီဆူး/ခရစ်ယာန်၊ ဒုတိယပညာရေးမှူး၊ မန်တုံမြို့နေသူ မောင်းနှင်လာသော SKAT အမျိုးအစား၊ အဖြူရောင်ကားသည် အရှိန်မထိန်းနိုင်ဘဲ ယမန်နေ့ (၁၂)နာရီ (၄၅)မိနစ်အချိန်က နမ္မတူ-ဘော်တွင်းသွားလမ်း မိုင်တိုင်အမှတ် (၂)မိုင်ကွေ့တွင် လမ်းဘေးယာဘက် ပေ (၃၀၀)ခန့် ချောက်ထဲသို့ ထိုးကျခဲ့ပြီး ယဉ်မောင်းမှာ ကားခေါင်းခန်းတွင်ပိညှက်လျှက် အခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ လာမာသား အား နမ္မတူမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နမ္မတူမြို့နယ်၌ SKAT အမျိုးအစား၊ အဖြူရောင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပေ (၃၀၀)ခန့် ချောက်ထဲသို့ထိုးကျ နမ္မတူမြို့နယ်၌ SKAT အမျိုးအစား၊ အဖြူရောင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပေ (၃၀၀)ခန့် ချောက်ထဲသို့ထိုးကျ Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.