ပခုက္ကူတံတားပေါ်၌ လမ်းလျှောက်ရင်း ဂိမ်းဆော့သည့် အမျိုးသားတစ်ဦး ခြေချော်ပြီး တံတားပေါ်မှ ပြုတ်ကျသေဆုံး


နေပြည်တော် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၅)ရပ်ကွက် ဧရာဝတီတံတား ချဉ်းကပ်ရထားလမ်းတိုင်အမှတ် K-3 နှင့် K-4 ကြား ၊ မိုင်တိုင်အမှတ် KH - 4 အနီးတွင် စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ဂိမ်းဆော့ ရင်းလမ်းလျှောက်လာသည့် အမျိုးသား တစ်ဦး ရထားသံလမ်းအခင်းပေါင် နှင့် ကားလမ်းအခင်းပေါင်ကြားသို့ ခြေချော်နင်းမိပြီး တံတားအောက်သို့ ပြုတ်ကျသေဆုံးကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ က ပခုက္ကူမြို့နယ် အမှတ်(၁၄)ရပ်ကွက် နေ ကောင်းစံဟိန်း (၂၀ နှစ်)သည် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း ဖြစ်သူ ငြိမ်းချမ်းကို (၂၁ နှစ်)၊ တရုတ်ကြီး(ခ)သက်ဦးမောင်(၃၁ နှစ်) တို့နှင့်အတူ နေအိမ်မှ ဧရာဝတီတံတား (ပခုက္ကူ)သို့ သွားရောက်ပြီး ရထား လမ်းဘက်ခြမ်းရှိ လမ်းမီးရောင်အောက် တွင်Mobile Legends ဂိမ်းဆော့ ကစားခဲ့ကြောင်း၊ ည ၁၀ နာရီခွဲတွင် ငြိမ်းချမ်းကိုနှင့် တရုတ်ကြီး(ခ) သက်ဦး မောင်တို့က ပြန်ရန်ပြောသဖြင့် ကောင်းစံဟိန်းမှာ Mobile Legends ဂိမ်းဆော့ကစားရင်း ရထားလမ်းဘက် မှ ကားလမ်းဘက်သို့ကူးစဉ် ရထား သံလမ်းအခင်းနှင့် ကားလမ်းအခင်း ပေါင်အကြားသို့ ခြေချော်နင်းမိပြီး အမြင့်ပေ ၅၀ ခန့်ရှိ တံတားအောက် သို့ ပြုတ်ကျသေဆုံးသွားသဖြင့် ပခုက္ကူ မြို့မရဲစခန်း၌ သေမှုသေခင်းဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပခုက္ကူတံတားပေါ်၌ လမ်းလျှောက်ရင်း ဂိမ်းဆော့သည့် အမျိုးသားတစ်ဦး ခြေချော်ပြီး တံတားပေါ်မှ ပြုတ်ကျသေဆုံး ပခုက္ကူတံတားပေါ်၌ လမ်းလျှောက်ရင်း ဂိမ်းဆော့သည့် အမျိုးသားတစ်ဦး ခြေချော်ပြီး တံတားပေါ်မှ ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 12:23 Rating: 5
Powered by Blogger.