ကျောင်းသူ၏ အင်္ကျီအတွင်း လက်နှိုက်ခဲ့သည်ဟုဆိုသည့် ဆရာအား တာင်းပန်ရန်သတိပေးစာပို့


မန္တလေး၊ စက်တင်ဘာ ၂၄

မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ခုမှာ သချာင်္ာဘာသာရပ် သင်ကြားနေတဲ့ ဆရာတစ်ဦးက ကျောင်းသူတစ်ဦးရဲ့ အင်္ကျီအတွင်း လက်နှိုက်ခဲ့သည်ဟုဆိုကာ ကျောင်းသူ၏ မိသားဝင်များက ၇ ရက်အတွင်း တောင်းပန်ဖို့် သတိပေးစာပို့ထားတယ်လို့ ယင်းကျောင်းသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်း စာသင်ခန်းအတွင်း စာသင်နေချိန်မှာ ဆရာ ဦးရာပြည့်ဦးညီညီထွေးက ကျောင်းသူ မခင်ပန်းနုသွေးရဲ့ ရင်ညွှန့်အထက်ပိုင်းအထိ အင်္ကျီအတွင်း လက်နှိုက်ခဲ့တယ်လို့ ၎င်းရဲ့မိခင်ဖြစ်သူ ဒေါ်မင်းမင်းမြတ်က ဆိုပါတယ်။

" အဲ့ဒီဆရာကို ကျွန်မတို့သမီးလေး အရှက်တရားအတွက် တောင်းပန်စေချင်တာ ဖြစ်ပါတယ်။ ကျောင်းရုံးခန်း မှာ သွားတုန်းကလည်း သူ့ကိုတောင်းပန်ခိုင်းတာပါ။ မတောင်းပန်တဲ့အပြင် ကျွန်မတို့ကို အမှုဖွင့်တရားစွဲမယ်။ ချက်ချင်းသွားမယ်လို့ ပြောတာ။ ဒီနေ့မှာ ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ သူ့ဆီကို သတိပေးစာပို့တယ်။ ကျွန်မတို့ ဥပဒေကြောင်းအရ အဆုံးအထိသွားပါ့မယ်" လို့ ဒေါ်မင်းမင်းမြတ်က ပြောပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ၎င်းကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ရုံးခန်းအတွင်း ရာပြည့် ဦးညီညီထွေးအား ကျောင်းသူ၏ မိခင်နှင့် ဖခင်တို့ စကားပြောဆိုခဲ့ကြတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ စာသင်ခန်းအတွင်း ဦးညီညီထွေးက ကျောင်းသူတစ်ယောက်အနီး စကားပြောဆိုနေတဲ့ မှတ်တမ်းတစ်ခုတို့ ပြန့်နှံလာတာကြောင့် နှစ်ဘက်ညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့်လည်း ပြေလည်မှု မရရှိသေးဘူးလို့ သိရပါတယ်။

သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကိုတော့ ယင်းကိုယ်ပိုင် အထက်တန်းကျောင်း တာဝန်ရှိသူတွေကို အနေနဲ့ ဖြေကြားရန်မရှိဘူးလို့ ပြောဆိုထားပါတယ်။

လက်ရှိမှာ ဦးညီညီထွေး အနေနဲ့ ကျန်းမာရေး မကောင်းမွန်တာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး ကာယကံရှင် ၎င်းရဲ့သဘောဆန္ဒအရသာ တုန့်ပြန်ဖြေရှင်းမယ်လို့ ဦးညီညီထွေးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မင်းခေါင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကျောင်းသူ၏ အင်္ကျီအတွင်း လက်နှိုက်ခဲ့သည်ဟုဆိုသည့် ဆရာအား တာင်းပန်ရန်သတိပေးစာပို့ ကျောင်းသူ၏ အင်္ကျီအတွင်း လက်နှိုက်ခဲ့သည်ဟုဆိုသည့် ဆရာအား တာင်းပန်ရန်သတိပေးစာပို့ Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.