အာခါဈေးလမ်းရှိနေအိမ်တစ်လုံးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ရှိ


တာချီလိတ်။ စက်တင်ဘာ ၂၄

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းရှိ နေအိမ်တစ်လုံးမှာ ပုပ်ပွသေဆုံးနေတဲ့ အသက်(၅၃)နှစ်ရှိ အမျိုးသား(၁)ဦးကို ဒီနေ့ စက်တင်ဘာလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရှိခဲ့ပါတယ်။


ရန်ကုန်မှသေဆုံးသူရဲ့ညီဖြစ်သူက မနေ့ကဖုန်းဆက်ရာ ဖုန်းမကိုင်တဲ့အတွက် ဘေးအိမ်ကတစ်ယောက်ကို သွားကြည့်ခိုင်းတဲ့အချိန်မှာ မီးဖွင့်ထားတာတွေ့တော့ ဘာမှမဖြစ်ဘူးအထင်နဲ့ ဒီအတိုင်းထားခဲ့ကြောင်း၊ ဒီနေ့ စက်တင်ဘာလ(၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီလောက်မှာ အဖွဲ့တွေအကုန်လုံးခေါ်ပြီး သွားကြည့်ရာ သေဆုံးနေတာကို တွေ့ရတာဖြစ်ကြောင်း၊ သေဆုံးနေတာဟာ (၄/၅)ရက်လောက်ရှိပြီး သေဆုံးသူမှာ သားတစ်ယောက်ရှိကာ အခုဆေးဖြတ်စခန်းမှာလို့ သိရပါတယ်။ အခုသေဆုံးသူကို တာချီလိတ်နာရေးကူညီမှုအသင်း အကူအညီဖြင့် ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယခုသေဆုံးသူမှာ ဦးကြားခိုင်(၅၃)နှစ်ဆိုသူဖြစ်ပြီး သေဆုံးသူမှုနဲ့ ပတ်သက်ကာ တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကနဦးသိရပါတယ်။

သတင်း/ဓါတ်ပုံ-ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ