မြန်မာအမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားရန် ပို့ဆောင်စဉ် ဖမ်းဆီးရမိ


မန္တလေး၊ စက်တင်ဘာ ၅

တရုတ်အမျိုးသားနဲ့ လက်ထပ်ထားသူ မြန်မာအမျိုးသမီးက တရုတ်မယားအဖြစ် တစ်နှစ်နေ၍ ကလေးမွေး ပေးပါက ကျပ်သိန်း (၆၀) ရမည်ဟု အခြားမြန်မာအမျိုးသမီး ၃ ဦးကို စည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်စဉ် လမ်းခရီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ထံက သတင်းရရှိ ပါတယ်။

မခင်သက်နွယ်(ခ) မိနက်ဟာ တရုတ်နိုင်ငံမှာ တရုတ်အမျိုးသားနဲ့ အိမ် ထောင်ကျခဲ့သူဖြစ်ပြီး မန္တလေးမြို့သို့ ပြန်ရောက်လာစဉ် ၎င်း၏အဒေါ်ဖြစ်သူ ဒေါ်တော(ခ) ဌေးဌေးဦးနဲ့ ပူးပေါင်းကာ မြန်မာအမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ လူကုန်ကူးရန် စည်းရုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးရန် ကြိုးပမ်းခံခဲ့ရတဲ့ အမျိုးသမီးငယ် ၃ ဦးဟာ မန္တလေးမြို့မှ အသက်(၂၀) ကျော်အရွယ်ရှိ အမျိုးသ မီးများဖြစ်ပြီး၊ မန္တလေးမြို့ကတစ်ဆင့် မြစ်ကြီးနားသို့ ခရီးသည်တင်ကားဖြင့် ပို့ဆောင်စဉ် ဖမ်းဆီးရမိခဲ့တာဖြစ် တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ (နေပြည်တော်) ဦးစီအရာရှိ ပထမတန်း ဒုရဲ မှူးကြီး သက်နောင်က ပြောပါတယ်။

အဆိုပါ အမျိုးသမီးငယ် ၃ ဦးဟာ ဒေါ်တော(ခ) ဌေးဌေးဦးနဲ့ ခင်မင်ရင်းနှီးရာမှ တရုတ်အမျိုးသားနဲ့ အိမ် ထောင်ကျထားတဲ့ မခင်သက်နွယ်(ခ) မိနက်နဲ့ပါ ခင်မင်လာပြီး တရုတ်အမျိုးသားနဲ့ တစ်နှစ်နေထိုင်၍ ကလေး မွေးပေးပါက ကျပ်သိန်း (၆၀) ခန့် ရရှိမည်ဟု စည်းရုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ စည်းရုံးတဲ့ အမျိုးသမီးကိုယ်တိုင်က တရုတ်နိုင်ငံမှာ တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ကျပြီးသား။ အဲဒါကို ဒီပြန် ရောက်လာပြီးတော့ အသက် ၂၀ ကျော်ပဲရှိတဲ့ မိန်းကလေးတွေကို စည်းရုံးတာ။ ကလေးမလေးတွေက လိုက်ဖို့ သဘောတူပြီးသား။ ဒါပေမယ့် လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ ကြားဖူးတော့ သူတို့ကပဲ ပြန်သတင်းပေးတာ။ အဲဒီမှာ ရှမ်းကလေးကျွန်းကနေ စောင့်ဖမ်းလိုက်တာ” ဟု ဒုရဲမှူးကြီး သက်နောင်က ပြော ပါတယ်။

လက်ရှိမှာတော့ လူကုန်ကူးရန် ကြိုးစားသူ ၂ ဦးကို ဖမ်းဆီးမိခဲ့ဖြစ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပ ဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ထက်အောင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မြန်မာအမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားရန် ပို့ဆောင်စဉ် ဖမ်းဆီးရမိ မြန်မာအမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားရန် ပို့ဆောင်စဉ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.