မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့ လှေတစ်စင်းနှင့်အတူ သေဆုံးပုပ်ပွနေသည့် ကျွဲ၊ နွားများတွေ့ရှိ


နေပြည်တော် စက်တင်ဘာ ၎

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာ အနောက်ဘက် ပင်လယ်ကမ်းစပ်တွင် စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီ က ပိုင်ရှင်မဲ့လှေတစ်စင်း တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အလျားပေ ၆၀၊ အနံ ၁၈ ပေ၊ အမြင့်ပေ ၂၀၊ ရေစူး ၁၂ ပေ ခန့်ရှိ မြင်းကောင်ရေ ၁၈၀ အင်ဂျင် တပ်ဆင်ထားသော ဝါးလက်လှေတစ်စင်း အား ပိုင်ရှင်မဲ့တွေ့ရှိရကြောင်း၊ အဆိုပါ လှေမှာ ဝဲဘက်နှင့်ယာဘက် ပျဉ်ကာများ ကွဲအက်၍ ခါးကျိုးကာ ရေများစိမ့်ဝင်နေ ကြောင်းနှင့် လှေပေါ်၌ သေဆုံးပုပ်ပွ နေသည့် ကျွဲ၊ နွား အကောင် ၅၀ ခန့် အားတွေ့ရှိရ၍ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

သတင်းစဉ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့ လှေတစ်စင်းနှင့်အတူ သေဆုံးပုပ်ပွနေသည့် ကျွဲ၊ နွားများတွေ့ရှိ မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့ လှေတစ်စင်းနှင့်အတူ သေဆုံးပုပ်ပွနေသည့် ကျွဲ၊ နွားများတွေ့ရှိ Reviewed by THITHTOOLWIN on 00:59 Rating: 5
Powered by Blogger.