ဈေးတွန်းလှည်းအား နောက်မှ ကားဝင်တိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး


သုဝဏ္ဏဝတီ စက်တင်ဘာ ၂၄

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် ရှင်ဥပဂုတ္တကန်ရှေ့၌ စက်တင်ဘာ ၂၄ ရက် နံနက် ၃ နာရီခွဲ ခန့်တွင် တွန်းလှည်းဖြင့် ဈေးရောင်းပြန်သူ အမျိုးသမီးတစ်ဦးအား အနောက်မှ ကား ဝင်တိုက်၍ သေဆုံးသွားကြောင်း သိရသည် ။


ယာဉ်တိုက်မှုသတင်းအရ သိမ်ဆိပ်ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်နေယုမောင် ၊ရဲတပ်ဖွဲ့ဝင်များ ၊ကျိုက္ကော်ရပ်ကွက်ရာအိမ်မှူးဦးဇော်အောင် ၊အသိသက်သေများနင့်အတူ သွားရောက်စစ်ဆေးရာ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်း ဦးဌေးဝင်း(ဆင်ဖြူကျေးရွာ၊ ကျောက်ဆည်မြို့နယ်)နေသူ မောင်းနင်သော YGN-3P/----- နံပါတ်ပါ Nissan Diesel အမျိုးအစား ဝါနုအရောင် ကုန်တင်ယာဉ်သည် ဘုရားပွဲမှ ဈေးတွန်းလှည်းဖြင့် ဈေးရောင်းပြန်လာသူ ဒေါ်သန်းလှ(၅၅) နှစ် ၊ အပြင်အနန်းကုန်းပိုင်း၊ သုဝဏ္ဏဝတီမြို့)နေသူအား အနောက်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိ၍ သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်ကုသပေးစဉ် သေဆုံးသွားသောကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဌေးဝင်း အား သိမ်ဆိပ်ရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးစစ်ဆေး နေကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဈေးတွန်းလှည်းအား နောက်မှ ကားဝင်တိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး ဈေးတွန်းလှည်းအား နောက်မှ ကားဝင်တိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 01:07 Rating: 5
Powered by Blogger.