IS ေတြကို ဖမ္းဆီးထားတဲ႔ Syria အက်ဥ္းေထာင္စိတ္မခ်ရ


ဖမ္းဆီးရမိတဲ့ ေထာင္နဲ႔ခ်ီတဲ့ အိုင္အက္စ္ စစ္ေသြးၾကြေတြကို အက်ဥ္းေထာင္ေတြမွာ ဖမ္းဆီးထိမ္းသိမ္းထားတဲ့ အေျခအေနဟာ ဆိုးဝါးတဲ့ အေနထားကို ေရာက္လာတဲ့ပံု ေတြ႔ေနရတာဟာ အိုင္အက္စ္ အဖြဲ႔ရဲ႕ ဆီးရီးယားနဲ႔ အီရတ္မွာ သူတို႔ ျပန္ၿပီး အင္အားခိုင္မာေအာင္ လုပ္ေဆာင္ဖုိ႔ အတြက္ အေထာက္အကူေပးလာႏိုင္ေခ် ရွိေနပါတယ္။

ဒီအက်ဥ္းေထာင္ေတြကို အေမရိကန္ အေထာက္အပံ့ေပးထားတဲ ့ဆီးရီးယား ဒီမုိကရက္တစ္ တပ္ဦး SDF က ဦးစီးေဆာင္ရြက္ေနတာ ျဖစ္ၿပီး ဒီေထာင္ေတြဟာ အိုင္အက္စ္ေတြကို ထိန္းထားဖို႔ ေကာင္းမြန္တဲ့ အေနထားမွာ ရွိတယ္လို႔ တာဝန္ခံအရာရွိေတြက လအေတာ္ၾကာ ေျပာခဲ့ၾကတာပါ။ ထိန္းသိမ္း ထားသူ အမ်ားစုဟာ အိုင္အက္စ္ေတြ အခိုင္အမာ ေျခကုပ္ယူထားတဲ့ ဆီးရီးယားက ေနာက္ဆံုးလက္က်န္ Baghuz ၿမိဳ႕မတ္လထဲ က်သြားခ်ိန္မွာ အဖမ္းခံခဲ့ရတဲ့ အိုင္အက္စ္ အဖြဲ႔က တိုက္ခိုက္ေရး သမားေတြ ျဖစ္ပါတယ္။

အဖမ္းခံေနရတာ အခ်ိန္ၾကာလာတာနဲ႔ အမွ် ဒီအက်ဥ္းေထာင္ေတြဟာ မသင့္ေတာ္ေတာ့ဘူးလို႔ ပင္တာဂြန္က အိုင္အက္စ္ ေျခမႈန္းေရး ဌာန အႀကီးအကဲ Chris Maier က ဗုဒၶဟူးေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

အက်ဥ္းေထာင္ လုပ္ထားတဲ့ ေနရာေတြဟာ ေက်ာင္းလို႔ ေဆာက္အဦးေတြ ျဖစ္ေနၿပီး အ က်ဥ္းသားေတြ တေျဖးေျဖး တိုးလာတဲ့ အေနထားေၾကာင့္ လံုၿခံဳေရး အရ စိုးရိမ္စရာ ျဖစ္လာေနတာပါ။

(ယူနီကုဒ္)

IS တွေကို ဖမ်းဆီးထားတဲ့ Syria အကျဉ်းထောင်စိတ်မချရ

ဖမ်းဆီးရမိတဲ့ ထောင်နဲ့ချီတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ အခြေအနေဟာ ဆိုးဝါးတဲ့ အနေထားကို ရောက်လာတဲ့ပုံ တွေ့နေရတာဟာ အိုင်အက်စ် အဖွဲ့ရဲ့ ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ ပြန်ပြီး အင်အားခိုင်မာအောင် လုပ်ဆောင်ဖို့ အတွက် အထောက်အကူပေးလာနိုင်ချေ ရှိနေပါတယ်။

ဒီအကျဉ်းထောင်တွေကို အမေရိကန် အထောက်အပံ့ပေးထားတဲ့ဆီးရီးယား ဒီမိုကရက်တစ် တပ်ဦး SDF က ဦးစီးဆောင်ရွက်နေတာ ဖြစ်ပြီး ဒီထောင်တွေဟာ အိုင်အက်စ်တွေကို ထိန်းထားဖို့ ကောင်းမွန်တဲ့ အနေထားမှာ ရှိတယ်လို့ တာဝန်ခံအရာရှိတွေက လအတော်ကြာ ပြောခဲ့ကြတာပါ။ ထိန်းသိမ်း ထားသူ အများစုဟာ အိုင်အက်စ်တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ ဆီးရီးယားက နောက်ဆုံးလက်ကျန် Baghuz မြို့မတ်လထဲ ကျသွားချိန်မှာ အဖမ်းခံခဲ့ရတဲ့ အိုင်အက်စ် အဖွဲ့က တိုက်ခိုက်ရေး သမားတွေ ဖြစ်ပါတယ်။

အဖမ်းခံနေရတာ အချိန်ကြာလာတာနဲ့ အမျှ ဒီအကျဉ်းထောင်တွေဟာ မသင့်တော်တော့ဘူးလို့ ပင်တာဂွန်က အိုင်အက်စ် ခြေမှုန်းရေး ဌာန အကြီးအကဲ Chris Maier က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အကျဉ်းထောင် လုပ်ထားတဲ့ နေရာတွေဟာ ကျောင်းလို့ ဆောက်အဦးတွေ ဖြစ်နေပြီး အ ကျဉ်းသားတွေ တဖြေးဖြေး တိုးလာတဲ့ အနေထားကြောင့် လုံခြုံရေး အရ စိုးရိမ်စရာ ဖြစ်လာနေတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
IS ေတြကို ဖမ္းဆီးထားတဲ႔ Syria အက်ဥ္းေထာင္စိတ္မခ်ရ IS ေတြကို ဖမ္းဆီးထားတဲ႔ Syria အက်ဥ္းေထာင္စိတ္မခ်ရ Reviewed by THITHTOOLWIN on 02:58 Rating: 5
Powered by Blogger.