နမ့္ဆန္ စစ္ေရွာင္ႏွစ္ေထာင္ေက်ာ္ ေနရပ္ စတင္ျပန္

(သတင္းဓာတ္ပံု - ဦးေအာင္ျမင့္)
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ျမိဳ႕ ထဲမွာ တပ္မေတာ္နဲ႔ တေအာန္းလက္နက္ကိုင္ TNLA ၾကားျဖစ္ခဲ႔တဲ႔ တိုက္ပြဲေၾကာင့္ ေဒသခံ ၂၀၀၀ ေက်ာ္ ထြက္ေျပး တိမ္းေရွာင္ခဲ႔ရေပမဲ႔ ဒီေန႔မနက္ကစလို႔ အမ်ားစုက ေနရပ္ကိုစျပီး ျပန္ေနၾကျပီလို႔ စစ္ေရွာင္ကယ္ဆယ္ေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။ အျပည့္အစံုကို ကိုေဇာ္ထက္က ေမးျမန္းေပးပို႔ထားပါတယ္။

နမ့္ဆန္ျမိဳ႕တဝိုက္မွာ စက္တင္ဘာ ၁၃ရက္ကေန ၁၆ရက္ထိ ေလးရက္ၾကာ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ တေအာန္းလက္နက္ကိုင္ TNLAနဲ႔ တိုက္ပြဲေတြျဖစ္ခဲ႔ျပီး ထြက္ေျပးလာတဲ႔စစ္ေရွာင္ ၂၀၀၀ ေက်ာ္ထဲက ထက္ဝက္ေလာက္ဟာ ဒီေန႔မနက္ကစျပီး ေနရပ္ျပန္ေနၾကျပီ ျဖစ္ပါတယ္။

နမ့္ဆန္တဝိုက္မွာ ဒီေန႔ေတာ႔ တိုက္ပြဲေတြမရွိဘဲ အေျခအေနျပန္ျငိမ္စျပဳေနျပီလို႔ ျဗဟၼစိုရ္ႏွလံုးသား လူမႈကူညီေရးအသင္းက ဦးတင္ဝင္းက ေျပာပါတယ္။

“တိုက္ပြဲက ၁၇ရက္ေန႔ ဒီဘက္အပိုင္းကို မၾကားေတာ႔ဘူဗ် ဟိုဘက္ကလည္း ျပန္ဆုတ္ေပးတယ္လို႔ ေျပာတယ္ဗ်။ ျငိမ္တဲ႔ လကၡဏာေတာ႔ ေတြ႔ရပါတယ္။ ဒီေန႔လည္း (စစ္ေရွာင္ေတြ) ျပန္ၾကတယ္ မေန႔ကလည္း တခ်ိဳ႕တဝက္ျပန္ၾကတယ္။ က်ေနာ္ထင္တယ္ ဒီဇယန္းၾကီးဘက္က အဖြဲ႔ေတြ အေတာ္ေလး ျပန္ၾကတယ္ေျပာတယ္။”

TNLA တပ္ေတြဟာ နမ့္ဆမ္နဲ႔ မီတာ ၅၀၀၀ ေလာက္ပဲေဝးတဲ႔ ေတာင္ရိုးေစတီေတာင္ကုန္းေပၚမွာ တပ္စြဲလာလို႔ လက္နက္ၾကီးေတြ၊ ရဟတ္ယာဥ္ေတြ သံုးျပီး နယ္ေျမရွင္းလင္းခဲ႔ေၾကာင္း တပ္မေတာ္ဘက္က ဗြီအိုေအကို အတည္ျပဳခဲ႔ျပီး၊ TNLA ဘက္ကေတာ႔ တပ္မေတာ္ဟာ နမ့္ဆန္ျမိဳ႕ တပ္စခန္းကေန ရြာထဲကို လက္နက္ၾကီးေတြနဲ႔ အၾကိမ္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ႔တယ္လို႔ သတင္းထုတ္ျပန္ခဲ႔ပါတယ္။

တိုက္ပြဲအတြင္း ေဒသခံတေယာက္ ေသဆံုးခဲ႔တယ္လို႔ တပ္မေတာ္ဘက္က အတည္ျပဳထားပါတယ္။ တိုက္ပြဲနဲ႔ ပတ္သက္လို႔ TNLA ဘက္ကို ဗြီအိုေအဘက္က သီးျခား အတည္ျပဳလို႔ ေတာ႔မရခဲ႔ပါဘူး။

နမ့္ဆန္ အေနာက္ေျမာက္ဘက္က တိုက္ပြဲျဖစ္ခဲ႔တဲ႔ ေတာင္ရိုးဘုရားကုန္းတဝိုက္ကို စက္တင္ဘာ ၁၇ရက္ မနက္ ၆ နာရီေလာက္မွာ ျပန္ထိန္းခ်ဳပ္ႏုိင္ခဲ႔ တယ္လို႔ တပ္မေတာ္သတင္းျပန္ၾကားေရးအဖြဲ႔က ေျပာပါတယ္။

မေန႔က စက္တင္ဘာ ၁၈ရက္ကလည္း တပ္မေတာ္နဲ႔ တေအာန္းလက္နက္ကိုင္ TNLA ၊ ကိုးကန္႔တပ္ဖြဲ႔ MNDAA တို႔ နမ့္ဖတ္ကာ အေရွ႕ ပိုင္းမွာ ႏွစ္ဘက္ ပစ္ခတ္တာတခ်ိဳ႕ ရွိခဲ႔ေပမဲ႔ ဒီေန႔ေတာ႔ နယ္ေျမတည္ျငိမ္ေနတယ္လို႔ ေဒသခံ ကိုတင္ေမာင္ေအးက ေျပာပါတယ္။

“မေန႔က သူတို႔ေျပာၾကတာက်ေတာ႔ ဒီ နမ့္ဖက္ကာရဲ႕ အထြက္ဘက္က ရြာေလးေတြ ရွိတယ္ေလ။ အဲဒီဘက္မွာ ျဖစ္သြားတယ္တဲ႔ က်ေနာ္တို႔ေတာင္ ေကာင္းေကာင္း ဘာမွမၾကားရဘူး။ ဒီေန႔ကေတာ႔ ဘာသံမွ မၾကားရေသးဘူးခင္ဗ်။”

တေအာန္းလက္နက္ကိုင္ TNLA နဲ႔ ကိုးကန္႔တပ္ဖြဲ႔ MNDAA ဟာ ေျမာက္ပိုင္း မဟာမိတ္ေလးဖြဲ႔မွာပါဝင္ျပီး သူတို႔ေလးဖြဲ႔နဲ႔ အစိုးရကိုယ္စားလွယ္ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ျငိမ္းခ်မ္းေရးဗဟိုဌာန NRPC စက္တင္ဘာ ၁၇ရက္က က်ိဳင္းတံုျမိဳ႕မွာ ေတြ႔ဆံုခဲ႔ျပီး အပစ္အခတ္ရပ္စဲေရးနဲ႔ တပ္ေနရာခ်ထားေရး အပါအဝင္ အခ်က္ ၇ခ်က္ကုိ ဆက္ျပီးေဆြးေႏြးၾကဖို႔ သေဘာတူညီမႈရထားပါတယ္။

.................

နမ့်ဆန် စစ်ရှောင်နှစ်ထောင်ကျော် နေရပ် စတင်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ ထဲမှာ တပ်မတော်နဲ့ တအောန်းလက်နက်ကိုင် TNLA ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပေမဲ့ ဒီနေ့မနက်ကစလို့ အများစုက နေရပ်ကိုစပြီး ပြန်နေကြပြီလို့ စစ်ရှောင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

နမ့်ဆန်မြို့တဝိုက်မှာ စက်တင်ဘာ ၁၃ရက်ကနေ ၁၆ရက်ထိ လေးရက်ကြာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် တအောန်းလက်နက်ကိုင် TNLAနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ထွက်ပြေးလာတဲ့စစ်ရှောင် ၂၀၀၀ ကျော်ထဲက ထက်ဝက်လောက်ဟာ ဒီနေ့မနက်ကစပြီး နေရပ်ပြန်နေကြပြီ ဖြစ်ပါတယ်။

နမ့်ဆန်တဝိုက်မှာ ဒီနေ့တော့ တိုက်ပွဲတွေမရှိဘဲ အခြေအနေပြန်ငြိမ်စပြုနေပြီလို့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းက ဦးတင်ဝင်းက ပြောပါတယ်။

“တိုက်ပွဲက ၁၇ရက်နေ့ ဒီဘက်အပိုင်းကို မကြားတော့ဘူဗျ ဟိုဘက်ကလည်း ပြန်ဆုတ်ပေးတယ်လို့ ပြောတယ်ဗျ။ ငြိမ်တဲ့ လက္ခဏာတော့ တွေ့ရပါတယ်။ ဒီနေ့လည်း (စစ်ရှောင်တွေ) ပြန်ကြတယ် မနေ့ကလည်း တချို့တဝက်ပြန်ကြတယ်။ ကျနော်ထင်တယ် ဒီဇယန်းကြီးဘက်က အဖွဲ့တွေ အတော်လေး ပြန်ကြတယ်ပြောတယ်။”

TNLA တပ်တွေဟာ နမ့်ဆမ်နဲ့ မီတာ ၅၀၀၀ လောက်ပဲဝေးတဲ့ တောင်ရိုးစေတီတောင်ကုန်းပေါ်မှာ တပ်စွဲလာလို့ လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး နယ်မြေရှင်းလင်းခဲ့ကြောင်း တပ်မတော်ဘက်က ဗွီအိုအေကို အတည်ပြုခဲ့ပြီး၊ TNLA ဘက်ကတော့ တပ်မတော်ဟာ နမ့်ဆန်မြို့ တပ်စခန်းကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဒေသခံတယောက် သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က အတည်ပြုထားပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်လို့ TNLA ဘက်ကို ဗွီအိုအေဘက်က သီးခြား အတည်ပြုလို့ တော့မရခဲ့ပါဘူး။

နမ့်ဆန် အနောက်မြောက်ဘက်က တိုက်ပွဲဖြစ်ခဲ့တဲ့ တောင်ရိုးဘုရားကုန်းတဝိုက်ကို စက်တင်ဘာ ၁၇ရက် မနက် ၆ နာရီလောက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့ တယ်လို့ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၈ရက်ကလည်း တပ်မတော်နဲ့ တအောန်းလက်နက်ကိုင် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နမ့်ဖတ်ကာ အရှေ့ ပိုင်းမှာ နှစ်ဘက် ပစ်ခတ်တာတချို့ ရှိခဲ့ပေမဲ့ ဒီနေ့တော့ နယ်မြေတည်ငြိမ်နေတယ်လို့ ဒေသခံ ကိုတင်မောင်အေးက ပြောပါတယ်။

“မနေ့က သူတို့ပြောကြတာကျတော့ ဒီ နမ့်ဖက်ကာရဲ့ အထွက်ဘက်က ရွာလေးတွေ ရှိတယ်လေ။ အဲဒီဘက်မှာ ဖြစ်သွားတယ်တဲ့ ကျနော်တို့တောင် ကောင်းကောင်း ဘာမှမကြားရဘူး။ ဒီနေ့ကတော့ ဘာသံမှ မကြားရသေးဘူးခင်ဗျ။”

တအောန်းလက်နက်ကိုင် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့မှာပါဝင်ပြီး သူတို့လေးဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC စက်တင်ဘာ ၁၇ရက်က ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ တပ်နေရာချထားရေး အပါအဝင် အချက် ၇ချက်ကို ဆက်ပြီးဆွေးနွေးကြဖို့ သဘောတူညီမှုရထားပါတယ်။

ေဇာ္ထက္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
နမ့္ဆန္ စစ္ေရွာင္ႏွစ္ေထာင္ေက်ာ္ ေနရပ္ စတင္ျပန္ နမ့္ဆန္ စစ္ေရွာင္ႏွစ္ေထာင္ေက်ာ္ ေနရပ္ စတင္ျပန္ Reviewed by THITHTOOLWIN on 02:17 Rating: 5
Powered by Blogger.