ျမန္မာ့လူ႔အခြင့္အေရးအေျခအေန ဥေရာပသမဂၢျပစ္တင္ ႐ႈတ္ခ်


ျမန္မာႏုိင္ငံမွာ ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ စစ္တပ္က က်ဳးလြန္တဲ့ လုပ္ရပ္ေတြ အပါအ၀င္ အတိတ္နဲ႔ လက္ရွိအခ်ိန္မွာ ႀကံဳေနရတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကုိ အျပင္းအထန္ ျပစ္တင္႐ႈတ္ခ်ေၾကာင္း ဥေရာပပါလီမန္က ဒီကေန႔ပဲတခဲနက္ ဆုံးျဖတ္လုိက္ပါတယ္။

ေထာက္ခံမဲ ၅၄၆ မဲ ကန္႔ကြက္မဲ ၁၂ မဲနဲ႔ ၾကားေန ၉၄ မဲနဲ႔ အတည္ျပဳလုိက္တဲ့ ဆုံးျဖတ္ခ်က္မွာေတာ့ ကာလၾကာရွည္ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြအေပၚ စုိးရိမ္ေၾကာင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစုိးရနဲ႔ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြ အေနနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကုိ အျမန္ဆုံး ဟန္႔တားဖုိ႔လည္း ေတာင္းဆုိထားပါတယ္။

ရခုိင္ျပည္နယ္က သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ထြက္ေျပးခုိလႈံေနတဲ့ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံ အေနနဲ႔လည္း ႐ုိဟင္ဂ်ာေတြ ေဘးကင္းလုံၿခံဳေရး ေဆာင္ရြက္ေပးဖုိ႔နဲ႔ ႏုိင္ငံတကာ က်င့္၀တ္နဲ႔အညီ အႏၱရာယ္ရွိႏုိင္တဲ့ ေနရပ္ရင္းကုိ အတင္းအက်ပ္ ျပန္မပုိ႔ဖုိ႔လည္း တုိက္တြန္းထားတာပါ။

၂၀၁၆ ခုႏွစ္ကစလုိ႔ ႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈေတြနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံတကာ ရာဇ၀တ္ခုံ႐ုံး (ICC) က ကနဦးစုံစမ္းဖုိ႔ ဆုံးျဖတ္လိုက္တဲ့အေပၚ ႀကိဳဆုိေၾကာင္းလည္း ဥေရာပပါလီမန္ရဲ႕ ဆုံးျဖတ္ခ်က္မွာ ထည့္သြင္းထားပါတယ္။

၂၀၁၇ ၾသဂုတ္လထဲ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာရွိတဲ့ လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာအစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ဆုိးဆုိးရြားရြား က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက စြပ္စဲြထားၿပီး က်ဳးလြန္သူေတြကုိ စုံစမ္းေဖာ္ထုတ္ဖုိ႔လည္း တုိက္တြန္းေနၾကတာပါ။

ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရး အဖဲြ႔ကလည္း ႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ လူမ်ဳိးတုန္းေအာင္ ရွင္းလင္းတဲ့ အဆင့္အထိ ေရာက္ခဲ့တဲ့ လကၡဏာေတြ ေတြ႔ရေၾကာင္း ေျပာဆုိထားပါတယ္။

႐ုိဟင္ဂ်ာဆုိတဲ့ အမည္ကုိ တရား၀င္ အသိအမွတ္ျပဳ လက္ခံမထားတဲ့ ျမန္မာအစုိးရကေတာ့ ႏုိင္ငံတကာက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ မရွိေၾကာင္းနဲ႔ က်ဳးလြန္သူေတြကုိ စုံစမ္းေဖာ္ထုတ္ အေရးယူမႈေတြ ရွိခဲ့ေၾကာင္းလည္း တုံ႔ျပန္ထားပါတယ္။

[Unicode Version]

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်က ကျုးလွန်တဲ့ လုပ်ရပ်တွေ အပါအဝင် အတိတ်နဲ့ လက်ရှိအချိန်မှာ ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ဥရောပပါလီမန်က ဒီကနေ့ပဲ တခဲနက် ဆုံးဖြတ်လိုက်ပါတယ်။

ထောက်ခံမဲ ၅၄၆ မဲ ကန့်ကွက်မဲ ၁၂ မဲနဲ့ ကြားနေ ၉၄ မဲနဲ့ အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်မှာတော့ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ဟန့်တားဖို့လည်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံတကာ ကျင့်ဝတ်နဲ့အညီ အန္တရာယ်ရှိနိုင်တဲ့ နေရပ်ရင်းကို အတင်းအကျပ် ပြန်မပို့ဖို့လည်း တိုက်တွန်းထားတာပါ။

၂၀၁၆ ခုနှစ်ကစလို့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ကနဦးစုံစမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်းလည်း ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်းထားပါတယ်။

၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာအစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း တိုက်တွန်းနေကြတာပါ။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ကလည်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်းအောင် ရှင်းလင်းတဲ့ အဆင့်အထိ ရောက်ခဲ့တဲ့ လက္ခဏာတွေ တွေ့ရကြောင်း ပြောဆိုထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်းနဲ့ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူမှုတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ထားပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ့လူ႔အခြင့္အေရးအေျခအေန ဥေရာပသမဂၢျပစ္တင္ ႐ႈတ္ခ် ျမန္မာ့လူ႔အခြင့္အေရးအေျခအေန ဥေရာပသမဂၢျပစ္တင္ ႐ႈတ္ခ် Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.