ထားဝယ်မြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းမီးရှို့ခံရ


ထားဝယ် စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အနောက်မြို့တွင်းရပ် BSM ဖုန်းအရောင်းဆိုင်တွင် ယနေ့နံနက် ၅ နာရီခန့်က ဖောက်ထွင်းပြီးနောက် မီးရှို့ ခံရကြောင်း သိရသည်။

အဆိုပါ ဖုန်းအရောင်းဆိုင် မီးလောင်ရာသို့ ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၅ နာရီ မိနစ်၂၀ တွင် မီးငြိမ်းသွားသည်။

BSM ဖုန်းအရောင်းဆိုင်ပိုင်ရှင် ရဲလွင်ဦးက ဆိုင်အတွင်း စိစစ်ခဲ့ရာ ဆိုင်အတွင်းရောင်းချရန်ထားသော ဗီရို ရှစ်လုံးအတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ အလုံး ၃၀ ခန့် ခိုးယူခံရပြီး ဆိုင်ကို မီးရှို့ခဲ့သဖြင့် ဆိုင်ကယ်တစ်စီးနှင့် ဆိုင်အတွင်းရှိ ပစ္စည်းများ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ ရေးအတွက် မှုခင်းရဲတပ်ဖွဲ့နှင့် ထားဝယ် ခရိုင်ရဲတပ်ဖွဲ့ဝင်များက ဆိုင်၏ CCTV မှတ်တမ်းအား ကြည်ရှု့စစ်ဆေးရာ မီးမလောင်မီ ဆိုင်အတွင်း လူတစ်ဦး ဝင်ရောက်ပြီးဖုန်းများခိုးယူ၍ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထားဝယ်မြို့မရဲစခန်းက အမှုဖွင့် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထားဝယ်မြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းမီးရှို့ခံရ ထားဝယ်မြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းမီးရှို့ခံရ Reviewed by THITHTOOLWIN on 12:21 Rating: 5
Powered by Blogger.