ေဟာင္ေကာင္ေလဆိပ္သြားတဲ့ ခရီးသည္တင္ယာဥ္ ေလွ်ာ့ခ်

လုံၿခဳံေရးယူေနသည့္ ေဟာင္ေကာင္ရဲတပ္ဖြဲ႔ဝင္မ်ား။ (စက္တင္ဘာ ၂၂၊ ၂၀၁၉)
ေဟာင္ေကာင္ ႏုိင္ငံတကာေလဆိပ္ကို ေျပးဆဲြေနတဲ့ ရထားနဲ႔ ဘတ္စ္ကားခရီးစဥ္ေတြကို ေဟာင္ေကာင္အာဏာပိုင္ေတြ ဒီကေန႔မွာ ေလွ်ာ့ခ်လိုက္ပါတယ္။

ကမာၻေပၚမွာ ေလယာဥ္အဆင္းအတက္ အမ်ားဆုံး ေလဆိပ္ေတြထဲက တခုျဖစ္တဲ့ ေဟာင္ေကာင္ ႏုိင္ငံတကာေလဆိပ္မွာ အစုိးရကိုဆန္႔က်င္တဲ့ ဆႏၵျပတာေတြကို ေရွာင္ရွားႏုိင္ဖို႔အတြက္ ရည္ရြယ္ၿပီး အခုလို လုပ္ေဆာင္လိုက္တာ ျဖစ္ပါတယ္။

ေလဆိပ္အေဆာက္အအုံထဲကို ၀င္္ဖုိ႔အတြက္ ေလယာဥ္လက္မွတ္အတုေတြ၊ ႀကိဳတင္လက္မွတ္အတုေတြကို အသုံးျပဳၾကဖို႔ အင္တာနက္အြန္လိုင္းမွာ ေျပာဆုိေနတာေတြရွိၿပီး အဲဒီလိုလုပ္တာဟာ လိမ္လည္ၿပီးေတာ့ အတုလုပ္တာ၊ စာရြက္စာတမ္းေတြကို မမွန္မကန္ အသုံးျပဳတာျဖစ္တယ္လို႔ ေလဆိပ္အာဏာပိုင္ေတြ ေၾကညာခ်က္ထုတ္ျပန္ၿပီး သတိေပးလိုက္ပါတယ္။ ဒါ့အျပင္ ဆႏၵျပတဲ့သူေတြ အေနနဲ႔လည္း ေလဆိပ္ကို မလာၾကဖို႔ ေျပာထားပါတယ္။

ဒါ့အျပင္ ဒီကေန႔မွာလည္း ဆႏၵျပတဲ့သူေတြဟာ တ႐ုတ္အလံကို ေျခေထာက္နဲ႔ တက္နင္းၿပီး ဘူတာ႐ုံေတြနဲ႔ လမ္းေတြေပၚမွာ မီး႐ႈိ႕ခဲ့ၾကတာေၾကာင့္ ဆႏၵျပပဲြေတြဟာ အၾကမ္းဖက္တဲ့အထိ ျဖစ္ခဲ့ပါတယ္။ အေစာပိုင္းတုန္းကေတာ့ ဆႏၵျပပဲြေတြဟာ ၿငိမ္းခ်မ္းစြာရွိေနခဲ့ၿပီး ဆႏၵျပတဲ့သူေတြက ေစ်း၀ယ္စင္တာတခုကို ၀င္ေရာက္ ဆႏၵျပခဲ့ၾကတာပါ။

မေန႔ စေနေန႔ကေတာ့ ေဟာင္ေကာင္က ဘူတာ႐ုံအေသးေလးတခုကုိ ဖ်က္ဆီးခဲ့တဲ့ ဆႏၵျပတဲ့သူေတြကို ရဲတပ္ဖဲြ႔က မ်က္ရည္ယုိဗုံးေတြသုံးၿပီး ႏွိမ္နင္းခဲ့ပါတယ္။

---------------------------

(Unicode)

ဟောင်ကောင်လေဆိပ်သွားတဲ့ ခရီးသည်တင်ယာဉ် လျှော့ချ

ဟောင်ကောင် နိုင်ငံတကာလေဆိပ်ကို ပြေးဆွဲနေတဲ့ ရထားနဲ့ ဘတ်စ်ကားခရီးစဉ်တွေကို ဟောင်ကောင်အာဏာပိုင်တွေ ဒီကနေ့မှာ လျှော့ချလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ လေယာဉ်အဆင်းအတက် အများဆုံး လေဆိပ်တွေထဲက တခုဖြစ်တဲ့ ဟောင်ကောင် နိုင်ငံတကာလေဆိပ်မှာ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြတာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

လေဆိပ်အဆောက်အအုံထဲကို ဝင်ဖို့အတွက် လေယာဉ်လက်မှတ်အတုတွေ၊ ကြိုတင်လက်မှတ်အတုတွေကို အသုံးပြုကြဖို့ အင်တာနက်အွန်လိုင်းမှာ ပြောဆိုနေတာတွေရှိပြီး အဲဒီလိုလုပ်တာဟာ လိမ်လည်ပြီးတော့ အတုလုပ်တာ၊ စာရွက်စာတမ်းတွေကို မမှန်မကန် အသုံးပြုတာဖြစ်တယ်လို့ လေဆိပ်အာဏာပိုင်တွေ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ဆန္ဒပြတဲ့သူတွေ အနေနဲ့လည်း လေဆိပ်ကို မလာကြဖို့ ပြောထားပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း ဆန္ဒပြတဲ့သူတွေဟာ တရုတ်အလံကို ခြေထောက်နဲ့ တက်နင်းပြီး ဘူတာရုံတွေနဲ့ လမ်းတွေပေါ်မှာ မီးရှို့ခဲ့ကြတာကြောင့် ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာရှိနေခဲ့ပြီး ဆန္ဒပြတဲ့သူတွေက ဈေးဝယ်စင်တာတခုကို ဝင်ရောက် ဆန္ဒပြခဲ့ကြတာပါ။

မနေ့ စနေနေ့ကတော့ ဟောင်ကောင်က ဘူတာရုံအသေးလေးတခုကို ဖျက်ဆီးခဲ့တဲ့ ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား