မီတာခလျှော့ချရေး ဖယောင်တိုင်ထွန်း လမ်းလျှောက်ဆန္ဒပြ

လျှပ်စစ်မီတာခတွေလျှော့ချရေး MDCF အဖွဲ့ဝင်တွေ ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ၂၀၁၉ သြဂုတ် ၂၂ ရက်နေ့က ဆန္ဒပြစဉ်
ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်ရေးအတွက် လျှပ်စစ်မီတာခတွေလျှော့ချရေး ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ MDCF က ဒီနေ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြသူ ၂၀ လောက်ဟာ မီးထွန်းထားတဲ့ ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လှော်ကားလမ်းမကြီးပေါ် ၅၆ ဈေးနားကနေ သစ်ဆိုင်ကွေ့မှတ်တိုင်နားမှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့အထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

မီတာခတိုးမြှင့်ကောက်ခံတာကြောင့် နိုင်ငံသားအားလုံးမထိခိုက်စေဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

လျှစ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့ကစပြီး နေအိမ်သုံးတွေအပြင် စီးပွားရေးလုပ်ငန်းသုံး အားလုံးအပေါ်မှာ လျှပ်စစ်အသုံးပြုခတွေ တိုးမြှင့်ကောက်ခံမယ့်အကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
မီတာခလျှော့ချရေး ဖယောင်တိုင်ထွန်း လမ်းလျှောက်ဆန္ဒပြ မီတာခလျှော့ချရေး ဖယောင်တိုင်ထွန်း လမ်းလျှောက်ဆန္ဒပြ Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.