တိုင်းနဲ့ပြည်နယ် ၅ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး

မွန်ပြည်နယ် ရေးမြို့မှာ ရေကြီးနေတာကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က တွေ့ရစဉ်
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မွန်၊ ပဲခူး၊ တနင်္သာရီ၊ ရခိုင်၊ ကရင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ရေကြီး၊ မြေပြိုတာတွေကို သတိထားသင့်တယ်လို့  မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကချင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ရှမ်းတောင်၊ မွန်၊ ကရင် ၊ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးများမယ့်ရက်ဟာ ၈ ရက်ကနေ ၁၀ ရက်အထိ ရှိနိုင်ပြီး ချင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း(မြောက်နဲ့အရှေ့) ၊ ကယားပြည်နယ်တွေမှာတော့ မိုးရွာရက်က ၅ ရက်ကနေ ၇ ရက်အတွင်း ရှိတယ်လို့လည်း ပြောပါတယ်။

စစ်တောင်းမြစ်ရေက မဒေါက်မြို့၊ ရွှေကျင်မြစ်ရေက ရွှေကျင်မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
တိုင်းနဲ့ပြည်နယ် ၅ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး တိုင်းနဲ့ပြည်နယ် ၅ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး Reviewed by THITHTOOLWIN on 08:04 Rating: 5
Powered by Blogger.