အိပ်ပျော်နေသည့် အမျိုးသမီးကို ဓားနှင့်ထိုးကာထွက်ပြေးသွားသူ ဖမ်းဆီးရမိ


ရေတာရှည် ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့၏အနောက်မြောက်ဘက် ၃ မိုင် ၂ ဖာလုံခန့်အကွာရှိ ပိတောက် ခင်ကျေးရွာအုပ်စု သဲကောကျေးရွာတွင် ဩဂုတ် ၂၀ ရက် ည ၁၀ နာရီခန့်က နေအိမ်အတွင်းကလေးငယ်နှင့်အတူအိပ်ပျော်နေသည့် အမျိုးသမီးအား အမည်မသိ သူတစ်ဦးမှ ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့သော အမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါအမှုဖြစ်စဉ်အား ရေတာရှည်မြို့မရဲစခန်းက စုံစမ်းဖော်ထုတ်ရာ ပြစ်မှုကျူးလွန်သူကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပြစ်မှုကျူး လွန်ရာ၌အသုံးပြုသည့် ငှက်ကြီးတောင်ဓားနှင့်အတူဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ သဲကောကျေးရွာနေ မပီသေး(ခ)မရတနာဖြိုး (၂၄) နှစ်သည် ခင်ပွန်းဖြစ်သူအပြင်သွားနေ၍ ၆ နှစ်အရွယ်သမီးငယ်နှင့်အတူ အိမ်အောက်ရှိ အိပ်ယာခြင်ထောင်ထဲတွင် အိပ်ပျော်နေစဉ် အမည်မသိသူတစ်ဦးမှခြေထောက် အားစမ်း၍ ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့သဖြင့် ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ပြီး တောင်ငူဆေးရုံကြီးသို့အရေးပေါ်တင်ပို့ခဲ့ရသည်။ ရေတာရှည်မြို့မရဲစခန်းမှ အမှုစစ် ရဲအုပ် စစီတိုး နှင့်အဖွဲ့က ဖြစ်စဉ်အား စစ်ဆေးခဲ့ပြီးနောက် အခင်းဖြစ်သည့်ညပိုင်းက ထွက်ပြေးသွားသူမှာ တစ် ရွာတည်းနေ ယဉ်ကိုဦး (၂၆) နှစ်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်း၏နေအိမ်မှသွားရောက်ဖမ်းဆီးခဲ့သည်။

ထိုသို့ပြစ်မှုကျူး လွန်ရခြင်းမှာ လွန်ခဲ့သော နှစ်ရက်ခန့်က ကျေးရွာအတွင်းရှိ ကွမ်းရာဆိုင်တစ်ဆိုင်၌ မပီသေး(ခ)မရတနာ ဖြိုး ၏ခင်ပွန်းဖြစ်သူ အောင်စိုးဦး က ယဉ်ကိုဦး အား မိန်းမကြောက်သူဟုလူကြားထဲပြောသည်ကို မကျေနပ်သည့် အတွက် အခင်းဖြစ်ညက နေအိမ်မီးကိုပိတ်ကာ အောင်စိုးဦး အထင်နှင့် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပြစ်မှုကျူးလွန်သူ ယဉ်ကိုဦး အား ရေတာရှည်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သန်းလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အိပ်ပျော်နေသည့် အမျိုးသမီးကို ဓားနှင့်ထိုးကာထွက်ပြေးသွားသူ ဖမ်းဆီးရမိ အိပ်ပျော်နေသည့် အမျိုးသမီးကို ဓားနှင့်ထိုးကာထွက်ပြေးသွားသူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 01:14 Rating: 5
Powered by Blogger.