ကော့သောင်းမြို့တွင်ညသန်းခေါင်ယံအချိန် ဓားထောက် အနုကြမ်းစီး လုယက်မှုဖြစ်ပွား


ကော့သောင်း ဩဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာ ရှိ (၃)ထပ်တိုက် တစ်ဆောင်တွင် ယမန်နေ့ ညသန်းခေါင်ယံအချိန် က အိမ်အတွင်းသို့ဝင်ရောက် ဓားထောက် အနုကြမ်းစီး လုယက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ ဩဂုတ် ၄ ရက် သန်းခေါင်ကျော် ၁ နာရီခန့်တွင် ဆယ်မိုင်ကျေးရွာ ဗိုလ်ချုပ်လမ်း ၊ ဦးအောင်စိုး (၆၆)နှစ် သည်နေအိမ်၌ အိပ်ပျော်နေစဉ် အမည်မသိ (လူမြင်မှတ်မိ)သူ တစ်ဦး အိမ်း၏ တံခါးမကြီးကို သော့တူဖြင့် ဖွင့်၍ အိမ်အပေါ် ထပ်သို့ တက်ရောက်လာပြီး ဓားဖြင့်ထောက်ကာ အိမ်ရှင် ဦးအောင်စိုး၏ လည်ပင်းနှင့်လက်အား ကြိုးဖြင့် ချည်နှောင်၍ အိပ်ယာဘေးတွင် အသင့်တွေ့ရှိ သည့် ငွေကျပ် သိန်း ၂၀ ကိုယူပြီး ဓားထောက်ခြိမ်းခြောက်ကာ မီးခံသေတ္တာ သော့တောင်း၍ မီးခံသေတ္တာအတွင်းမှ အတွင်းပစ္စည်း ရွှေငွေနှင့် လက်ဝတ် ရတနာပစ္စည်း စုစုပေါင်းကာလတန်ဘိုး (၅၈၃)သိန်း ခန့်အားအနုကြမ်းစီး လုယက်ခံရခြင်းဖြစ်ကြောင်းသိရသည်။`
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ထွက်ပြေး လွှတ်မြောက် နေသည့် အနုကြမ်းစီးသူ (အမည်မသိ) တရားခံအားအမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ