ကလေးမြို့တွင် စနိုက်ပါတစ်လက်အပါအဝင် လက်​နက်များ ကျည်များနှင့် စကား​ပြာစက်များ ဖမ်းမိ

ဓာတ်ပုံ-ကလေးခရိုင်ရဲတပ်ဖွဲ့
ကလေးlသြဂုတ် - ၅

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် သြဂုတ် ၄ ရက်​ည​​နေပိုင်းက ​လက်နက်ခဲယမ်းများနှင့်စကားပြောစက်များ ဖမ်းမိခဲ့သည်​။

ယင်းနေ့က ခရိုင်ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ဦးမင်းထန်ဇားဝါအသက် (၄၁)နှစ်နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းရှိ အိမ်သာမျက်နှာကျက်အပေါ်မှ လက်နက်များနှင့်စကားပြောစက်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

"မူးယစ်ဆေးဝါးမတွေ့ဘဲ လက်​နက်​​တွေမိတာ"ဟု ကလေးခရိုင်ရဲတပ်ဖွဲ့ မှူး ​ဒုရဲမှူးကြီးအောင်ကျော် ကပြောသည်။

အိမ်သာမျက်နှာကျက်အပေါ်မှ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက်(စနိုက်ပါတပ်လျက်)၊ကျည်းအိမ် ၁ ခု၊ကျည် ၁၁ တောင့်၊နှစ်လုံးပြူးပြောင်းအရှည် ၁ လက်၊ကျည် ၃၉ တောင့်lလေသေနတ် ၂ လက်(အတို ၁lအရှည် ၁)l လေသေနတ်ကျည် ၂၀၀၀ တောင့်lဂက်(စ်) ပစ္စတို ၂ လက်l ဂက်(စ်)ဗူး ၈၅ ဗူးl ဘောစေ့ ၈၀၀ လုံးစီပါ ၃ ဗူးl စနိုက်ပါမှန်ပြောင်း ၄ ခု(အတို ၁၊ အရှည် ၃)lမှန်ပြောင်း ၂ ခုl တရုတ်နိုင်ငံထုတ် လမ်းလျှောက် စကားပြောစက် ၆ လုံး၊ အားသွင်းခုံ ၄ ခုနှင့် သေနတ်အိတ် ၄ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိသည်​။

လက်နက်များနှင့်အတူဖမ်းမိ​​သော မင်းထန်ဇားဝါအား ကလေးမြို့မရဲစခန်းမှ (ပ)၁၆၂၆/၂၀၁၉lလက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်းl(ပ)၁၆၂၇/၂၀၁၉lဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် လည်းကောင်း အမှုဖွင့်ထားသည်​။

သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette
ကလေးမြို့တွင် စနိုက်ပါတစ်လက်အပါအဝင် လက်​နက်များ ကျည်များနှင့် စကား​ပြာစက်များ ဖမ်းမိ ကလေးမြို့တွင် စနိုက်ပါတစ်လက်အပါအဝင် လက်​နက်များ ကျည်များနှင့် စကား​ပြာစက်များ ဖမ်းမိ Reviewed by THITHTOOLWIN on 05:43 Rating: 5
Powered by Blogger.