(၁၅)နှစ်အရွယ်အမျိုးသမီး(၁)ဦးကို တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူ အမျိုးသမီး(၃)ဦးနဲ့ တရုတ်အမျိုးသားကို အမှုဖွင့်အရေးယူ


တာချီလိတ်။သြဂုတ် ၉

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ ဝမ်းလုံးကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အသက်(၁၅)နှစ်အရွယ်အမျိုးသမီး(၁)ဦးကို ထိုင်းဘတ်ငွေနဲ့ အိမ်ဆောက်ပေးမယ်ဟု ပြောဆို စည်းရုံးပြီး တရုတ်အမျိုးသားနဲ့ လက်ထပ်ခိုင်းတဲ့ အမျိုးသမီး(၃)ဦးနဲ့ တရုတ်အမျိုးသား(၁)ဦးကို သြဂုတ်လ(၇)ရက်နေ့က အမှုဖွင့်အရေးဆောင်ရွက် ထားတယ်လို့ သိရပါတယ်။



ဝမ်းလုံးကျေးရွာအုပ်စုရှိ ကျေးရွာနေထိုင်တဲ့ အသက်(၁၅)နှစ်အရွယ်အမျိုးသမီး(၁)ဦးကို တစ်ရွာတည်းနေ မနန်းလီနဲ့ ဈေးတန်းရပ်နေ မနန်းရှဲန်ရွတ် တို့(၂)ဦးက ထိုင်းဘတ်ငွေ(၇)သောင်းနဲ့ အိမ်အသစ်ဆောက်လုပ်ပေးမယ်ဟု ပြောဆိုစည်းရုံးခဲ့ပြီး တရုတ်အမျိုးသားနဲ့ လက်ထပ်ရန်ရောင်းစားခဲ့သဖြင့် သြဂုတ်လ(၇)ရက်နေ့ မွန်းတည့်(၁၂)နာရီ (၄၅)မိနစ်အချိန်ခန့်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)ရုံးကို အရေးယူပေးရန် တိုက်တန်းသတင်းပေးအကြောင်းကြားသိရသဖြင့် မ…ကို မေးမြန်းရာ နန်းရှဲန်ရွတ်၊ နန်းအွေ့နဲ့အတူ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်နေ နန်းချယ်ရီ(ခ)ပါနန်း နေအိမ်ကို သွာရောက်ခဲ့ကြောင်း၊ အဲဒီမှတဆင့် တာချီလိတ်မှ မန္တလေးကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး မန္တလေးလေဆိပ်မှာ တရုတ်အPမျိုးသား (၁)ဦးလာရောက်ကြိုဆိုပြီး ရန်ကုန်ကို ကားနဲ့သွားရောက်ကာ ရန်ကုန်ဟိုတယ်တစ်ခုမှာ တည်းခိုစဉ် နန်းချယ်ရီ(ခ)ပါနန်း နဲ့ နန်းရှဲန်ရွတ် တို့က လာရောက်ကြိုဆိုသူ တရုတ်အမျိုးသားနဲ့ လက်ထပ်ပြီး တရုတ်နိုင်ငံကို လိုက်သွားရမယ်ဖြစ်ကြောင်း၊ မ…မှာ အိမ်ပြန်ချင်တယ်လိုပြောခဲ့သဖြင့် မှတ်ပုံတင်ကို သိမ်းဆည်းသွားပြီး တရုတ်အမျိုးသားနဲ့ ရန်ကုန်မှာ (၃)ရက်ခန့်နေပြီး တရုတ်ပြည်ကိုလိုက်သွာခဲ့ကြောင်း၊ တရုတ်ပြည်မှာ အိမိပြန်ချင်တယ် ပြောဆိုရာမှာလည်း နင့်ကိုရောင်းစားလိုက်ပြီ အိမ်ပြန်မရဟုပြောဆိုခဲ့သဖြင့် တရုတ်အမျိုးသားနဲ့အတူ (၇)ခန့်အတူပေါင်းသင်း နေထိုင်ပြီး မိဘများကို သွားရာက်ကန်တော့မယ်လို့ ပြောဆိုရခဲ့သဖြင့် နှစ်ယောက်အတူတူ တရုတ်ပြည်မှ တာချီလိတ်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး တရုတ်အမျိုးသားတည်းခိုနေစဉ် မိဘအိမ်ကိုပြန်ကာ ရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ပြောပြခဲ့ကြောင်း သိရပါတယ်။


အသက်(၁၅)နှစ်အရွယ် မ……ကို တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူ မနန်းချယ်ရီ(ခ)ပါနန်း (၄၈)နှစ်၊ ဆေးခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူနဲ့ မိုင်ဖြတ်မြို့နေသူ မနန်းရှဲန်ရွတ် (၄၉)နှစ်၊ မနန်းလီး (၃၅)နှစ်တို့နဲ့အတူ တရုတ်နိုင်ငံသား HE ERLEI (၂၉)နှစ်၊ ဟိုနန်ပြည်နယ်နေသူတို့ကို မိုင်းဖြတ်မြို့မရဲစခန်းမှာ (ပ)၂၃/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
(၁၅)နှစ်အရွယ်အမျိုးသမီး(၁)ဦးကို တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူ အမျိုးသမီး(၃)ဦးနဲ့ တရုတ်အမျိုးသားကို အမှုဖွင့်အရေးယူ (၁၅)နှစ်အရွယ်အမျိုးသမီး(၁)ဦးကို တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူ အမျိုးသမီး(၃)ဦးနဲ့ တရုတ်အမျိုးသားကို အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.