အမေရိကန်ဥပဒေအကျိုးဆောင်အဖွဲ့ကို ကမ္ဘောဇဘဏ်ငှားရမ်း



Share/Bookmark
(Photo: KBZ Bank Facebook)

 ကမ္ဘောဇဘဏ်က နိုင်ငံတကာမှာ ဥပဒေအရအကာအကွယ်ရဖို့ အတွက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် ရှေ့နေကုမ္ပဏီဖြစ်တဲ့ Williams & Connolly ကို ငှားလိုက်တယ်လို့ CNBC သတင်းမှာ ဒီနေ့ ဖော်ပြလိုက်ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတဲ့ မြန်မာ့တပ်မတော်ကို ထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူပိတ်ပင်သင့်တယ်လို့ အကြံပြုထားပါတယ်။ အဲဒီထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ခြံစည်းရိုးကာဖို့ ကမ္ဘောဇကုမ္ပဏီက ငွေလှူဒါန်းခဲ့တာကို စစ်ဆေးသင့်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခံရမယ့် အရေးတွေ၊ အမေရိကန်ရဲ့ ဥပဒေကြောင်းဆိုင်ရာတွေအတွက် အကာအကွယ်ရဖို့ Williams & Connolly က ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒီအတွက် အကျိုးဆောင်ခ ဒေါ်လာနှစ်သိန်းခွဲနဲ့ စာချုပ်ချုပ်လိုက်တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ဥပဒေရေးရာမှာ အကြံပေးရမယ့်အပြင်၊ အမေရိကန်အစိုးရ၊ အမေရိကန်လွှတ်တော်တွေနဲ့ အများပြည်သူနားလည်အောင် ရှင်းလင်းတင်ပြပေးရမယ့် ဝန်ဆောင်မှုလည်းပါတယ်လို့ သိရပါ တယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံးပုဂ္ဂလိကကုမ္ပဏီ ၃ ခုရှိပြီး၊ အဲဒီထဲမှာ ကမ္ဘောဘဏ်ပါတယ်လို့ ကယ်လီဖိုးနီး ယားပြည်နယ်အခြေစိုက် စီးပွားရေးသုတေသနအဖွဲ့ဖြစ်တဲ့ The Milken Institute ကပြောပါတယ်။

FFM အဖွဲ့ရဲ့အပြီးသတ်အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လာမယ့် စက်တင်ဘာလထဲ တင်သွင်းမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ