သိန်းနီမြို့နယ် ခရီးသည် မှန်လုံ မီးရှို့ခံရ

ဓာတ်ပုံ Nay Myo/facebook

သျှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ် မိုင်းလီစံပြကျေးရွာအုပ်စု ပန်ဖတ်ရွာအထွက်တွင် ယနေ့ (သြဂုတ် ၃၀) မနက် ၆နာရီ တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ မြန်မာ့ တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခရီသည်တင်ယာဉ်တစီး နှင့် ဆိုင်ကယ်တစီး မီးရှို့ ခံရကြောင်းသတင်းရရှိသည်။

ဓာတ်ပုံ Nay Myo/facebook

“ ဒီမနက် ၆နာရီ မှာ ပန်ဖတ်ရွာမှာတိုက်ပွဲ တွေဖြစ်တယ်။ ခရီးသည်တွေ တင် မှန်လုံကား တစီး နဲ့ ဆိုင်ကယ်မီးရှို့ခံရတယ်။ခရီးသည်တွေ ကို ဆင်းခိုင်းပြီးမှ ရှို့တာပါ" ဟု မျက်မြင် သက်သေ ကားသမားတဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဓာတ်ပုံ Nay Myo/facebook

လက်ရှိ အချိန်မှာ တိုက်ပွဲများရပ်နေ သော်လည်း ခရီးသွားများ အခြေအနေကြည့်င်္ပြးသွားရန် အဆိုပါ ကားသမားက ပြောသည်။

ယမန်နေ့ (သြဂုတ် ၂၉) ည ၇နာရီတွင် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်တွင် ကားတစီး မီးရှို့ ခံရပြီး၊နေ့လည် ၁၁နာရီတွင် ကွတ်ခိုင် ရှုခင်းသာတွင် ၁၂ဘီးကား မီးရှို့ခံရသည်။


Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သိန်းနီမြို့နယ် ခရီးသည် မှန်လုံ မီးရှို့ခံရ သိန်းနီမြို့နယ် ခရီးသည် မှန်လုံ မီးရှို့ခံရ Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.