တနင်္သာရီမြို့နယ်တွင် ၂ နှစ်ခွဲအရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး

တနင်္သာရီမြို့နယ်တွင် ၂ နှစ်ခွဲအရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး
တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု ၊ ဥယျာဉ်ကွင်းကျေးရွာတွင် သြဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ၂ နှစ်ခွဲအရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးသွားကြောင်းသိရပါတယ်။

ပဝကျေးရွာအုပ်စု ၊ ပဝရွာမ မှာနေထိုင်တဲ့ ဦးဇေထက်ကျော်တို့မိသားစုက ဥယျာဉ်ကွင်းကျေးရွာမှာရှိတဲ့ ယောက္ခမအိမ်ကို အလည်ရောက်ရှိနေစဉ် ကျေးရွာအတွင်းရေကြီးနေပြီး နေအိမ်အောက်ဘက်တွင် ရေ ၄ ပေခန့်ရောက်ရှိနေတာပါ။

ဦးဇေထက်ကျော်က မင်းဂွတ်ပင်ပေါ် မင်းဂွတ်သီးခူးနေစဉ် သမီး၂ယောက်ဖြစ်သူ စုစန္ဓီဆင့်(၅)နှစ်၊နှင့် လင်းလဲ့လဲ့အောင် (၂)နှစ်ခွဲ တို့ နေအိမ်ပေါ်မှာဆော့ကစား နေတယ်လို့ဖခင်ဖြစ်သူကဆိုပါတယ်။

မင်းဂွတ်သီးခူးပြီး အိမ်ပေါ်တက်လာချိန်မှာ သမီးကြီးဖြစ်တဲ့စုစန္ဓီဆင့်ကို အိမ်ရှေ့ခန်းမှာတွေ့ရပြီး လင်းလဲ့လဲ့အောင်ကိုမတွေ့လို့ အိမ်နောက်ဘက်ခန်းမှာသွားရောက်ရှာဖွေရာ နောက်ဖက်ခန်း ကြမ်းခင်းနှင့်တစ်ပြေးတည်းရှိတဲ့ပြတင်းပေါက်ပွင့်နေသဖြင့် ပြတင်းပေါက်မှဆင်းပြီး ရေထဲရှာဖွေရာ လင်းလဲ့လဲ့အောင်အား ရေနစ်လျှက်တွေ့ရှိသဖြင့် ဆေးဝါးကုသရန် တနင်္သာရီမြို့နယ်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်းသိရပါတယ်။

ရေနစ်သေဆုံးတဲ့ လင်းလဲ့လဲ့အောင်အား တနင်္သာရီမြို့မရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပြီး သေမှုသေခင်းအမှတ်(၂၇/၂၀၁၉)ဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
တနင်္သာရီမြို့နယ်တွင် ၂ နှစ်ခွဲအရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး တနင်္သာရီမြို့နယ်တွင် ၂ နှစ်ခွဲအရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.