ပေါင်းတည်မြို့၌ လင်မယားချင်းစကားများရန်ဖြစ်ရာ ဓားထိုးမှုဖြစ်၍သေဆုံး


ပေါင်းတည် ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် မဲခေါင်းအုပ်စု သရက်ကုန်း ကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က လင်မယားချင်းစကားများရန်ဖြစ်ရာ ဓားထိုးမှုဖြစ်ပွား၍ဇနီးဖြစ်သူသေဆုံးသွားကြောင်းသိရသည်။

သရက်ကုန်းကျေးရွာနေသူ မောင်မောင်မျိုးသည် အိမ်၌ရှိနေစဉ်ဇနီးဖြစ်သူ ချိုချိုစန်းနှင့် စကားများရန်ဖြစ်ရာမှ မောင်မောင်မျိုးက ဇနီးချိုချိုစန်းအား ဓားဖြင့်ထိုးမှုဖြစ်ပွားပြီး ချိုချိုစန်းမှာ ရရှိဒဏ်ရာဖြင့်အခင်းဖြစ်သည့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ပြစ်မှုကျုးလွန်သူ မောင်မောင်မျိုးအား ပေါင်းတည်မြို့နယ် မှတ်တိုင်နယ်မြေရဲစခန်းမှအမှုဖွင့်ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပေါင်းတည်မြို့၌ လင်မယားချင်းစကားများရန်ဖြစ်ရာ ဓားထိုးမှုဖြစ်၍သေဆုံး ပေါင်းတည်မြို့၌ လင်မယားချင်းစကားများရန်ဖြစ်ရာ ဓားထိုးမှုဖြစ်၍သေဆုံး Reviewed by THITHTOOLWIN on 23:46 Rating: 5
Powered by Blogger.