ယင်းမာပင် ဩဂုတ် ၁၉
ယင်းမာပင်မြို့နယ်ရှိ အပါချီဘိလပ်မြေစက်စက်ရုံဝန်းအတွင်းရှိ လျှပ်စစ် သွယ်တန်းရာတွင် အသုံးပြုသော ကြေးပြားနှင့် ကြေးကြိုး သိန်း(၁၀၀) ကျော်ဖိုးခိုးယူသူများအား ၂၀၁၉ ဩဂုတ် ၁၆ရက်နေ့တွင် ဖမ်းဆီးအရေးယူ ထားကြောင်း ယင်းမာပင်နယ်မြေရဲစခန်းမှ သိရသည်။
သာစည်မြို့ ပြင်ညောင်ကျေးရွာရှိ ရွှေတောင်ကုမ္မဏီလီမိတတ် အပါချီဘိလပ်မြေ စက်ရုံ လုံခြုံရေးအရာရှိ ဦးအောင်တိုးဝင်း(၅၇)နှစ် စက်ရုံဝန်းအတွင်းရှိနေစဉ် လုံခြုံရေးတာဝန်ကျတစ်ဦးမှ စက်ရုံဧရိယာဝန်းအတွင်း အမျိုးသားတစ်ဦး ကြေးကြိုးခွေများလွယ်လျက်တွေ့ရှိ၍ လိုက်လံဖမ်းဆီးရမိကြောင်း အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ ပြင်ညောင်ကျေးရွာ အမှတ် ၄ နေ ကိုကိုနိုင်(ခ)ရန်နိုင်ဦးဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသော လွယ်အိပ်အတွင်းမှ လျှပ်စစ်မီးသွယ်တန်းရာတွင် အသုံးပြုသည့် Height Voltage Cable ကြေးကြိုးမှ Cable Cover ခွာထားသော ကြေးပြား စုစုပေါင်းကြေးပြားပေအရှည် ၁၂၀ နှင့် ဝါ/စိမ်း/နီ/ပြာရောင်ပါရှိသည့် Cable Cover ပါရှိသည့် ကြေးကြိုး နှင့် ခွာထားသည့်ကြေးကြိုး စုစုပေါင်းပေအရှည် ၂၁၈ ပေ စုစုပေါင်းခန့်မှန်းကာလ တန်ဖိုးငွေကျပ် ၁၀၉ သိန်းဖိုးခန့်တို့နှင့်အတူ တွေ့ရှိရ၍ မေးမြန်းရာအဆောက်အဦးအမှတ် ၈၀၁ လျှပ်စစ်ရုံးခန်းအပြင်ဘက်တွင်ထားရှိသော Height Voltage Cable ကြေးကြိုးလုံးခွေများမှ ခိုးယူထားကြောင်း ပြောဆိုသိရသဖြင့် ကိုကိုနိုင်(ခ)ရန်နိုင်ဦးအား ဥပဒေအရအရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း၊
အမှုအား ယင်းမာပင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူပြီး ဆက်လက် စစ်ဆေးမေးမြန်းရာ ကိုကိုနိုင်(ခ)ရန်နိုင်ဦးက ၎င်းနှင့် တစ်ရွာထဲနေ ကိုဝင်းလှိုင် /မောင်လေးလေးဝင်းတို့နှင့်အတူ ခိုးယူခဲ့ပြီး ခိုးယူထားသောပစ္စည်းများအား ပြင်ညောင်ကျေးရွာရှိ ပစ္စည်းအဟောင်းအရောင်းအဝယ်ပြုလုပ်သူ ကိုဇော်မိုး(၂၉)နှစ်ထံ သွားရောက်ရောင်းချကြောင်း ထွက်ဆိုသဖြင့် ကိုလေးဝင်းနှင့် မောင်လေးလေးဝင်းတို့ရောင်းချထားသော ကြေးကြိုးကြေးပြား အပိုင်းအစများအား သက်သေများရှေ့တွင် လာရောက်အပ်နှံထားကြောင်း ယင်းမာပင်နယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါအမှုမှ ကိုကိုနိုင်(ခ)ရန်နိုင်ဦး / ကိုလေးဝင်း တို့အားဖမ်းဆီးထားပြီး မောင်းလေးလေးဝင်း ဖမ်းဆီးအရေးယူနိုင်ရန် ယင်းမာပင်နယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရသည်။
ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS