သန်းခေါင်​​ကျော်​အချိန်​ ​မော်​​တော်​ယာဉ်​တစ်​စီး အရှိန်​လွန်​ တိမ်း​မှောက်​ သုံးဦးစိုးရိမ်​ရ


ကျောင်းကုန်း ဩဂုတ်​ ၃

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်​ခရိုင်​၊​ကျောင်းကုန်းမြို့နယ်​၊ကွမ်းခြံကုန်းအုပ်​စု၊မီး​သွေးတိုက်​​ကျေးရွာအနီးတွင်​ ယ​နေ့ နံနက်​ ၂ နာရီခန့်က အရှိန်​လွန်​မော်​​တော်​ယာဉ်​တစ်​စီး တိမ်း​မှောက်​မှု ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ တရားလို ဒုရဲအုပ်​မြတ်​စိုးသည်​ ​ကျောင်းကုန်းမြို့မရဲစခန်း၌ တာဝန်​မှူးတာဝန်​​ဆောင်​ရွက်​​နေစဉ်​ ယာဉ်​တစ်​စီးတိမ်းမှောက်​မှု ဖြစ်​ပွားကြောင်း သတင်းအရ သက်​​သေများနှင့်အတူ သွား​ရောက်​စစ်​​ဆေးရာ ပုသိမ်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်း ချစ်​ဦး ​မောင်းနှင်​ပြီး၊ ယာဉ်​​ပေါ်တွင်​ ခရီးသည်
(၇)ဦး လိုက်​ပါလာ​သော ဖြူ/စိမ်း​မော်​​တော်​ယာဉ်​သည်​ အရှိန်​မထိန်းနိုင်​ဘဲ လမ်းမ​ပေါ်တွင်​ကန့်လန့်လဲကျတိမ်းမှောက်​ခဲ့ကာ (၃)ဦးမှာ စိုးရိမ်​ရပြီး၊ ကျန်​(၄)ဦးမှာ မစိုးရိမ်​ရသည့်ဏ်​ရာများ အသီးသီးရရှိသွားကြသဖြင့် လူကိုထိခိုက်​နာကျင်​​စေသူ ယာဉ်​မောင်းအား ​ကျောင်း​ကုန်းမြို့မရဲစခန်းက အမှုဖွင့်အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း​ကျောင်းကုန်းမြို့မရဲစခန်းက သိရသည်​။

ဝင်းကြိုင်​(ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သန်းခေါင်​​ကျော်​အချိန်​ ​မော်​​တော်​ယာဉ်​တစ်​စီး အရှိန်​လွန်​ တိမ်း​မှောက်​ သုံးဦးစိုးရိမ်​ရ သန်းခေါင်​​ကျော်​အချိန်​ ​မော်​​တော်​ယာဉ်​တစ်​စီး အရှိန်​လွန်​ တိမ်း​မှောက်​ သုံးဦးစိုးရိမ်​ရ Reviewed by THITHTOOLWIN on 01:06 Rating: 5
Powered by Blogger.