ရန်ကုန်-မြိတ်-ဘုတ်ပြင်း ပျံသန်းသည့် လေယာဉ် လေကာမှန်အက်၍ မြိတ်လေဆိပ်၌ ရပ်နားပြုပြင်

မြိတ်လေဆိပ်၌ ရပ်နားထားသည့် လေယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)
ရန်ကုန် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

    ရန်ကုန်-မြိတ်-ဘုတ်ပြင်း ခရီးစဉ် အဖြစ် ပျံသန်းလာသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ် သည် ယနေ့ သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် မြိတ်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး လေယာဉ် အရှေ့ယာဘက် လေကာ မှန်အက်သဖြင့် လေဆိပ်တွင် ရပ်နားပြုပြင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

လေယာဉ် လေကာမှန်အက်ရခြင်းမှာ လေကာမှန်အတွင်းရှိ မှန်အပူပေး သည့် ဝါယာရှော့ဖြစ်၍ မှန်အက် ရခြင်းဖြစ်ကြောင်း လေယာဉ်မှူး ဦးနေမျိုးထွဋ်ထံမှ သိရကြောင်း ၊ ၄င်းလေယာဉ်ကို မြန်မာ့အမျိုးသား လေကြောင်းလိုင်းမှ အင်ဂျင်နီယာများက ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလေယာဉ်တွင် ခရီးသည် ၁၃ ဦး နှင့် လေယာဉ်ဝန်ထမ်း ငါးဦး စီးနင်းလိုက်ပါလာခဲ့ကြောင်း သိရသည်။

လေယာဉ်ကို မြိတ်လေဆိပ်၌ ညအိပ်ရပ်နားကာ သြဂုတ် ၄ ရက် နံနက်တွင် ပြန်လည်ထွက်ခွာမည်ဟု မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ သိရကြောင်း ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်-မြိတ်-ဘုတ်ပြင်း ပျံသန်းသည့် လေယာဉ် လေကာမှန်အက်၍ မြိတ်လေဆိပ်၌ ရပ်နားပြုပြင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း ပျံသန်းသည့် လေယာဉ် လေကာမှန်အက်၍ မြိတ်လေဆိပ်၌ ရပ်နားပြုပြင် Reviewed by THITHTOOLWIN on 06:38 Rating: 5
Powered by Blogger.