မင်းဘူးမြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံးပြိုကျမှု ဖြစ်ပွား


မင်းဘူး ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူး-စကု ကားလမ်း၊ မြောက်လှည်းကောက်အနီးတွင် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၁နာရီခွဲ အချိန်က ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အိမ်ရှင်ဒေါ်ခင်နွယ်မြင့်၏ ဈေးဆိုင်ခန်းဆောက်လုပ်ဆဲ သံကူကွန်ကရစ် အမျိုးအစား သုံးထပ်အဆောက်အဦသည် သံဖရိန်များဖြင့် ထောင်မတ်၍ ပထမထပ် ကြမ်းခင်းအား ကွန်ကရစ်လောင်းနေစဉ် သံဖရိန်များ ခိုင်ခံမှု မရှိဘဲ ပြိုကျရာမှ ဆင်ဖြူကျွန်းမြို့နေသူ တာဝန်ခံအင်ဂျင်နီယာ ဦးဆန်းလင်းနိုင် (၃၁)နှစ်၊ တစ်ဦးတည်းသာ ကွန်ကရစ်လောင်းနေသော အမိုးအောက်တွင် ရှိနေပြီး ကျန်အဖွဲ့မှာ ကွန်ကရစ်ဖျော်နေစက်ဖြင့် အမိုးပေါ်သို့ လောင်းနေရာမှ ပြိုကျခဲ့ခြင်း ဖြစ်သည်။

အဆောက်အဦအောက်တွင်ရှိနေသူ ဦးဆန်းလင်းနိုင်မှာ အဆောက်အဦ အပျက်အစီးများ အောက်တွင် ပိလျှက်ရှိပြီး အခြားသူများအနက် ဒဏ်ရာရရှိသူ မင်းဘူး(စကု) မြို့နယ်၊ ကြီးပင်ကန်ကျေးရွာနေ သံပန်းဆရာ အောင်သူ၊ (၃၁) နှစ် တွင် ဒူးပွန်းပဲ့ဒဏ်ရာ၊ ယာလက်မောင်း ပွန်းပဲ့ဒဏ်ရာ၊ ယာနားထင်ဖုရောင်၊ ဝဲခြေဖနောင့် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ ကြီးပင်ကန်ကျေးရွာနေ ကျောက်လောင်းသူ ဌေးအောင် (၄၁) နှစ် တွင် ဝဲလက်ဖျံ ပွန်းပဲဒဏ်ရာ၊ ယာလက်ညှိုး ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ ကြီးပင်ကန်ကျေးရွာနေ ဆောက်လုပ်ရေးလုပ်သား ကိုလင်း(၁) (၃၃)နှစ် တွင် ခါးနာကျင် ဒဏ်ရာ (မစိုးရိမ်ရ)၊ ဆောကွန်လုပ်ရေးလုပ်သား ကိုလင်း(၂) (၃၃)နှစ် တွင် ဝဲဒူး/ လက်ဖျံပွန်း၊ ဝဲတင်ဘားပွန်း (မစိုးရိမ်ရ) တို့ အသီးသီးရရှိခဲ့ပြီး မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်တွင် အဆောက်အဦ အပျက်အစီးအောက်၌ ပိမိနေသော အင်ဂျင်နီယာ ဆန်းလင်းနိုင် အားကယ်ဆယ်ရေးအဖွဲ့မှ ဝိုင်းဝန်းကယ်ဆယ်ခဲ့ရာ ၎င်းတွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်လုံးအနီး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာ ဒူးပွန်းပဲ့ ဒဏ်ရာ(စိုးရိမ်ရ) တို့ ရရှိခဲ့သဖြင့် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အတွင်းလူနာအဖြစ် တက်ရောက် ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)၊ ဓါတ်ပုံ-မျိုးမြတ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မင်းဘူးမြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံးပြိုကျမှု ဖြစ်ပွား မင်းဘူးမြို့တွင် ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံးပြိုကျမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.