ကျိုင်းတုံလေဆိပ်မှာ တားမြစ်ဆေးဝါးတွေ သယ်ဆောင်သူကို ဖမ်းဆီးမိပြီး ရောင်းချသူကိုပါ ကွင်းဆက်အဖြစ် ဖမ်းဆီးရမိ


ကျိုင်းတုံ၊ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ လေဆိပ်နှင့် ရပ်ကွက်(၃)၊ မြို့သစ်ရပ်ကွက်တို့၌ တားမြစ်ဆေးဝါးတွေ သယ်ဆောင်သူနဲ့ ရောင်းချ သူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဇူလိုင် ၁၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိပါတယ်။

ဇူလိုင် ၁၈ ရက်ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကျိုင်းတုံလေဆိပ်မှာ ဆေးဆိုင်မှ ၀ယ်ယူလာသည့် ဆေးဝါးများကို သယ်ဆောင်ခွင့် ရှိ/မရှိ သွားရောက်မေးမြန်းရာမှာ ကျလယ်(၂၁ နှစ်)၊ နောင်လိတ်ရွာ၊ ရပ်ကွက်(၅)၊ ကျိုင်းတုံမြို့နယ်နေသူကို Tramadol Hydrochloride 50 mg စာတမ်းပါ ဆေးတောင့် ၁၀ တောင့်စီ ပါ ဆေးကဒ် (၈)ကဒ်၊ စုစုပေါင်း ၈၀ တောင့် (ဒေသတန်ဖိုးငွေကျပ် ၁၆၀ဝ၀ )တို့အား တွေ့ရှိသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၂၈) ကျိုင်းတုံမှ ဒုရဲမှူး မျိုးညွန့်လွင် ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကျလယ်အား ဆက်လက်စစ်ဆေးရာ အဆိုပါဆေးတောင့်များသည် ကျိုင်း တုံမြို့၊ ရပ်ကွက်(၃)၊ မြို့သစ်ရပ်ကွက်၊ ချယ်ရီလမ်းနေ ခေမာရဋ်ဆေး ဆိုင် ပိုင်ရှင် စိုင်းကျော်ကျော် (၄၅ နှစ်)ထံမှ ဝယ်ယူကြောင်း ထွက်ဆိုသဖြင့် ၄င်း နေထိုင်ရာ ဆေးဆိုင်နှင့် မြို့မဈေးအတွင်းမှ ဆေးဆိုင်ခွဲများကို ဆက်လက် စစ်ဆေးရာ Tramadol Hydrochloride 50 mg စာတမ်းပါ ဆေးတောင့် တစ်ကဒ်လျှင် ၁၀ တောင့်စီပါ ၆၄ ကဒ်၊ စုစုပေါင်းဆောင်းတောင့် ၆၄၀ တောင့်(ဒေသပေါ က်ဈေးငွေကျပ် ၁၂၈၀ဝ၀)၊ Diazepan Injection စာ တမ်းနှင့် အဝါရောင် ထိုးဆေးရည် ပုလင်း ၅၃ ပုလင်း၊ အဖြူရောင် ထိုး ဆေးရည် ၁၂ ပုလင်း၊ စုစုပေါင်း ၆၅ ပုလင်း( ဒေသပေါက်ဈေးငွေကျပ် ၁၃၀ဝ၀ဝ)နှင့်Diazepan BP 5 mg စာတမ်းပါ နို့နှစ်ရောင် ဆေးပြား တစ် ကဒ်လျှင် ၁၀ ပြားစီပါ ခြောက်ကဒ်၊ စုစုပေါင်း ၆၀ ပြား (ဒေသပေါက်ဈေးငွေ ကျပ် ၁၂၀ဝ၀)တို့အား ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမှုမှ တရားမဝင် ဆေးဝါးများ သယ်ဆောင်သူ ကျလယ်(၂၁ နှစ်)၊ နောင်လိတ်ရွာ၊ ရပ်ကွက်(၅)၊ ကျိုင်းတုံမြို့နယ်နေသူနှင့် တရားမဝင် ဆေးဝါးများ ရောင်းချသူ စိုင်းကျော်ကျော် (၄၅ နှစ်)၊ မြို့သစ်ရပ်ကွက်၊ ရပ်ကွက်(၃)၊ ကျိုင်းတုံမြို့နေသူတို့ကို ကျိုင်းတုံမြို့မရဲစခန်းက ဇူလိုင် ၁၉ ရက်နံနက်ပိုင်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
ကျိုင်းတုံလေဆိပ်မှာ တားမြစ်ဆေးဝါးတွေ သယ်ဆောင်သူကို ဖမ်းဆီးမိပြီး ရောင်းချသူကိုပါ ကွင်းဆက်အဖြစ် ဖမ်းဆီးရမိ ကျိုင်းတုံလေဆိပ်မှာ တားမြစ်ဆေးဝါးတွေ သယ်ဆောင်သူကို ဖမ်းဆီးမိပြီး ရောင်းချသူကိုပါ ကွင်းဆက်အဖြစ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.