သုံးခွမြို့နယ် အနောက်ကျေးရွာအနီးတွင် ယာဉ်နှစ်စီးတိုက်မိ၊ တစ်ဦးသေဆုံး


သုံးခွ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အနောက် ကျေးရွာအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားဖြစ်ကြောင်း ဇူလှိုင် ၂ဝ ရက် နံနက် ၂ နာရီခန့်က ဖုန်း ၀၉၇၇၃၃၇၃၆၈၂ ဖြင့် ၁၉၉ သို့သတင်းပေးပို့ချက်အရ ယာဉ်ထိန်းရဲဒုတပ်ကြပ် ရန်နောင်ဟိန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမြင့်၊ ဖိုးကုလား နာရေးကူညီမှုအသင်း၊ ၉ ရပ်ကွက်နေသူတို့နှင့်အတူ သွားရောက်စစ်ဆေးရာ သုံးခွ-သန်လျင် ကားလမ်းမ ကြီး မိုင်တိုင်အမှတ် ၅၀/၀ နှင့် ၅၀/၁ အ ကြားတွင် သန်လျင်မှ သုံးခွဘက်သို့ဦးတည်ပြီး (အမည်နေရပ်လိပ်စာမသိ) မောင်းနှင်လာသောဆိုက်ကယ်အမှတ် ၅၁ယ/----- ( လိုင်စင်စိစစ်ဆဲ) ဆိုင်ကယ်နှင့်မျက်နှာချင်းဆိုင် သုံးခွမှသန်လျင်ဘက်သို့ဦးတည်၍ ယာဉ်မောင်း (အမည်နေရပ်လိပ်စာမသိ) (ယာဉ်အမှတ်မသိ) ယာဉ်တို့တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ အမည်မသိ အသက် ၃ဝ ဝန်းကျင်ခန့်အမျိုးသားတစ်ဦး ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် ရဲဆေးစာနှင့်အတူ သုံးခွမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။ ယာဉ်တိုက်မှုတွင် မျက်မြင်သက်သေမရှိသော်လည်း အခင်းဖြစ်ရပ်တွင်ကျန်ခဲ့သော ကားဘက်မှန်ကွဲစများနှင့် ကားရှေ့ဘန်ကာအပိုင်းအစတစ်ခုတိုအား စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်နှင့်တိုက်မိသည့်ယာဉ်အမျိုးအစားမှာ ကားဖြစ်ကြောင်းသုံးသပ်ရရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဖြစ်စဉ်တွင်သေဆုံးသွားသော ဆိုင်ကယ်မောင်းနှင်သူ(အမည်နေရပ်လိပ်စာမသိ)နှင့် ပက်သက်သိရှိသူများသည် သုံးခွမြို့မရဲစခန်း ဖုန်း -၀၅၆၄၀၀၀၅ နှင့် အမှုစစ်ဒုရဲအုပ်စိုးသူ ဖုန်း-၀၉-၆၈၈၈၀၀၀၇၈ တို့သို့ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးခွမြို့နယ် အနောက်ကျေးရွာအနီးတွင် ယာဉ်နှစ်စီးတိုက်မိ၊ တစ်ဦးသေဆုံး သုံးခွမြို့နယ် အနောက်ကျေးရွာအနီးတွင် ယာဉ်နှစ်စီးတိုက်မိ၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 00:58 Rating: 5
Powered by Blogger.