ဝှေလေလှန်ပူးပေါင်းစစ်ဆေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား(၁)ဦးကို ဖမ်းဆီးရမိ


တာချီလိတ်၊ဇူလိုင် ၂၀

တာချီလိတ်မြို့၊ ဝှေလေလှန်ပူးပေါင်းစစ်ဆေးဂိတ်မှာ ဒီကနေ့ ဇူလိုင်လ (၂၀)ရက်နေ့ မွန်းလွဲ(၂)နာရီ အချိန်ခန့်က လာအိုနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား(၁)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရတယ်။

ဝှေလေလှန်ပူးပေါင်းစစ်ဆေးဂိတ်မှာ ဒီကနေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့ဝင်များ တို့က လာအိုနိုင်ငံမှ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား Mr Lou Lao Zhong - လော်လောင်ကျုံး (၃၈)နှစ်ကိုစစ်ဆေးရာ မြန်မာနိုင်ငံအတွင်းကို မည်သည့်အထောက်အထား တစ်စုံတစ်ရာမျှ မပါရှိပဲ တရားမဝင် ဝင်ရောက်လာခဲ့ တယ်လို့ သိရပါတယ်။

ယခုမြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား Mr Lou Lao Zhong - လော်လောင်ကျုံး (၃၈)နှစ်ကို တာချီလိတ်မြို့မ ရဲစခန်းမှာ မြန်မာနိုင်ငံလူမှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ-၃(၁)ကျူး/၁၃(၁) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
ဝှေလေလှန်ပူးပေါင်းစစ်ဆေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား(၁)ဦးကို ဖမ်းဆီးရမိ ဝှေလေလှန်ပူးပေါင်းစစ်ဆေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား(၁)ဦးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.