မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်သူအား ဖမ်းဆီးရမိ


ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် ၂ နာရီအချိန်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်အနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း အဆင်းလမ်းခွဲတွင် ရပ်တန့်ထားသော MDY 9D/×××× Mark II ယာဉ်အား စစ်ဆေးရာ ယာဉ်ပိုင်ရှင်ကျော်သင်းခိုင်(ခ) ကျော်ကြီး(၄၀)နှစ်၏ ယာဉ်ရှေ့ခန်းဒက်ရှ်ဘုတ်ပေါ်ကားမှန် ဝဲ/ယာနှစ်ဖက်၌ ကပ်ထားသည့် ၄.၅ လက်မခန့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စာတန်းပါ တံဆိပ် ၂ ခု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တံဆိပ်ပါ တောဆောင်းဦးထုပ် ၁ လုံး၊ အရိုးအသွား ၉.၅ လက်မခန့် မောင်းချဓားဦးချွန် ၁ ချောင်း၊ စစ်စိမ်းရောင်ပြောက်ကျားအနွေးထည် ၁ ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 ကျော်သင်းခိုင်(ခ)ကျော်ကြီးအား အုန်းချောနယ်မြေရဲစခန်း (ပ)၁၈၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၇၀(ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု)ဖြင့် လည်းကောင်း၊ (ပ)၁၈၆/ ၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်သူအား ဖမ်းဆီးရမိ မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 02:47 Rating: 5
Powered by Blogger.