မိုင်းယောင်းမှာဖမ်းမိတဲ့ တရာခံပြေး တစ်ဦးအပါအဝင် တရုတ်(၄)ဦးကို ဒဏ်ငွေ သိန်း (၂၀)စီချမှတ်ပြီး မန္တလေးကနေတစ်ဆင့် ပြည်နှင်


တာချီလိတ်၊ ဇူလိုင် ၁၁

ဇွန်လ(၅)ရက်က မိုင်းယောင်းမြို့အဝင်ဆိုင်းဘုတ် အနီးမှာ ဖမ်းဆီးရမိတဲ့ တရားမဝင် တရုတ်နိုင်ငံသား (၄)ဦးကို တရားရုံးက ဒဏ်ငွေ ကျပ် သိန်း(၂၀)စီချမှတ်ကာ ပြည်နှင်ဒဏ်ပေးပြီး မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကနေ တစ်ဆင့် တရုတ်နိုင်ငံကို ဇူလိုင်လ ၁၁ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။

တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ဂေါင်ရဲဟွာ အပါအဝင် တရုတ်နိုင်ငံသား (၄)ဦးကို ဇွန်လ (၅)ရက်က မိုင်းယောင်းမြို့အဝင် ဆိုင်းဘုတ်နားမှာ တရားဝင်အထောက်အထားမပါဘဲ မြန်မာနိုင်ငံအတွင်း ဝင်ရောက်မှုနဲ့ ဖမ်းဆီးရမိတာဖြစ်ပြီး တရားစွဲဆိုရာမှာ လဝက ဥပဒေအရ တရားရုံးက ဒဏ်ငွေ သိန်း (၂၀) (သို့မဟုတ်) ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံသား (၄)ဦးက ဒဏ်ငွေပေးဆောင်ခဲ့တာကြောင့် ပြည်နှင်ဒဏ်ပေးကာ ဇူလိုင်လ ၁၁ရက်မှာ မိုင်းယောင်းမှ တာချီလိတ်ကို ကားနဲ့ ပို့ဆောင်ပြီး တာချီလိတ်ကနေ မန္တလေးကို လေယာဉ်နဲ့ ပို့ဆောင်ကာ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
မိုင်းယောင်းမှာဖမ်းမိတဲ့ တရာခံပြေး တစ်ဦးအပါအဝင် တရုတ်(၄)ဦးကို ဒဏ်ငွေ သိန်း (၂၀)စီချမှတ်ပြီး မန္တလေးကနေတစ်ဆင့် ပြည်နှင် မိုင်းယောင်းမှာဖမ်းမိတဲ့ တရာခံပြေး တစ်ဦးအပါအဝင် တရုတ်(၄)ဦးကို ဒဏ်ငွေ သိန်း (၂၀)စီချမှတ်ပြီး မန္တလေးကနေတစ်ဆင့် ပြည်နှင် Reviewed by THITHTOOLWIN on 03:20 Rating: 5
Powered by Blogger.