အရက်သေစာသောက်စားမူးယစ်ပြီး မိခင်ဖြစ်သူကို ခေါင်းအုံးဖြင့် ဖိသတ်မှု ဖြစ်ပွား


မန္တလေး၊ ၉ ဇူလိုင်

အရက်သေစာသောက်စားမူးယစ်ပြီး မိခင်ဖြစ်သူကို ခေါင်းအုံးဖြင့် ဖိသတ်မှု ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၀)ရပ်ကွက်တွင် အခုလ ၈ ရက်က ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီခန့်က စိုင်းကြည်မြင့် (၃၄)နှစ်သည် အရက်မူး၍ နေအိမ်သို့ ပြန်လာစဉ် မိခင်ဖြစ်သူ ဒေါ်ထွေးကြည် ပြောဆိုဆုံးမသည်ကို နားငြီးသည်ဟု ပြန်လည် ပြောဆိုကာ မျက်နှာပေါ်သို့ ခေါင်းအုံးဖြင့်ဖိရာမှ မိခင်ဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

ဒေါ်ထွေးကြည်တွင် နှာခေါင်းသွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် စိုင်းကြည်မြင့်အား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း (ပ)၁၁၅၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အရက်သေစာသောက်စားမူးယစ်ပြီး မိခင်ဖြစ်သူကို ခေါင်းအုံးဖြင့် ဖိသတ်မှု ဖြစ်ပွား အရက်သေစာသောက်စားမူးယစ်ပြီး မိခင်ဖြစ်သူကို ခေါင်းအုံးဖြင့် ဖိသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.