စတိုးဆိုင် အလုပ်သမ ​​အခန်းပိတ် ရိုက်ခံရမှု စုံစမ်း​​ဖော်ထုတ်မည် ဟု လူမှု​​​​ရေးဝန်​ကြီး​ပြော

 ဓာတ်ပုံ- မူရင်းပိုင်ရှင်ပုံမဟုတ်ပါ၊ နမူနာဓါတ်ပုံသာဖြစ်ပါသည်။
မုံရွာ၊ ဇူလိုင် ၉

ဖောင်းပြင်မြို့ရှိ စတိုးဆိုင် တစ်ခု​တွင် အလုပ်သွားလုပ်​​သော မုံရွာမြို့ ထန်း​တောရပ်​ကွက်​မှ မိန်းက​လေးတစ်​ဦးအား ဆိုင်​ရှင်​မှ ပိတ်လှောင်ရိုက်နှက်မှုကို စုံစမ်း​​ဖော်ထုတ်သွားမည်ဟု စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လူမှု​​ရေးဝန်ကြီး ​ဒေါက်​တာ ​ဇော်​ဝင်း က​ပြောသည်။

အသက် ၁၇ နှစ်အရွယ် ဆိုင်​အကူ မိန်းက​​လေးသည် ရိုက်​နှက်ခံရစဉ်က ရရှိ​သော ​နောက်ကျောဘက်ဒဏ်ရာအား​ခွဲစိတ်ရန်အတွက် မုံရွာဆေးရုံကြီးတွင် ယခု တက်ရောက်ကုသနေသည်။

"ကလေးက စတိုးဆိုင်မှာလုပ်နေတာ ခြောက်နှစ်လောက်ရှိပါပြီ။ ဈေးအရောင်းအဝယ် စာရင်းလွဲတယ်ဆိုပြီး ဆံပင်တွေဆောင့်​ဆွဲတယ် ရိုက်တယ်လို့ပြောတယ်။ အဲဒီလိုလုပ်တော့ ကလေးက ကြောက်ပြီး ထွက်ပြေးတယ်။ သူတို့တွေက လူအုပ်စုလိုက် လိုက်ရှာတယ်။ အိမ်တစ်အိမ်မှာ ဝင်ပုန်းနေတုန်းရှာတွေ့သွားပြီး အခန်းပိတ်ရိုက်ခံရတယ်လို့ ကလေးကပြောတယ်" ဟု အဒေါ်တော်စပ်သူ မစန္ဒာဝင်းက ပြောသည်။

အခင်းဖြစ်ရာ ဖောင်းပြင်မြို့ပေါ်ရှိ စတိုးဆိုင်တွင် မစန္ဒာ၏ သမီးတစ်ဦးနှင့် တူမ ၆ ဦးတို့သည်​ လွန်ခဲ့သည့် ၇ နှစ်ခန့်ကတည်းက လစာငွေ နှစ်သောင်းဖြင့်စတင်လုပ်​ကိုင်​ခဲ့ပြီး ယခုလက်ရှိတွင် တစ်လလျင် သုံးသောင်းမှ ငါးသောင်းကျပ်ထိ လစာရ​နေသည်​ ဟုဆိုသည်​။

ရရှိခဲ့သည့်ဒဏ်ရာအား မုံရွာဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးလျက်ရှိပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် စစ်ကိုင်းတိုင်းအမျိုးသမီးကော်မတီအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

"စရောက်တုန်းကတော့ အနာက ကိုက်တော့မအိပ်ရဘူးတဲ့။ အခု ပြီ​တွေဖောက်ထုတ်ပေးလိုက်တော့ သက်သာသွားပါပြီ။ ကလးကုသစားရိတ်နဲ့ ပက်သက်ပြီး ဘာမှ မကုန်ရအောင် စီစဉ်ပေးထားပါတယ်"ဟု ဒေါက်တာဇော်ဝင်းက ပြောသည်။

အိမ်အကူအား ရိုက်နှက်သည့်ဖြစ်စဉ်နှင့်ပက်သက်ပြီး စခန်းတွင်လာရောက် အမှုဖွင့်လှစ်ထားကြောင်း ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၄၁ အရ အပြင်းထန်နာကျင်စေမှု ၊မတရားပိတ်လှောင်ထားရှိမှုတို့ဖြင့် ယ​နေ့ အမှုဖွင့်​ထားပြီး ဒုရဲအုပ်စောညီညီထွန်းအား အခင်းဖြစ်ပွားရာ ဖောင်းပြင်မြို့ရှိ စတိုးဆိုင်အား သွားရောက်စုံစမ်းခိုင်းထားကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်က ပြောသည်။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
စတိုးဆိုင် အလုပ်သမ ​​အခန်းပိတ် ရိုက်ခံရမှု စုံစမ်း​​ဖော်ထုတ်မည် ဟု လူမှု​​​​ရေးဝန်​ကြီး​ပြော စတိုးဆိုင် အလုပ်သမ ​​အခန်းပိတ် ရိုက်ခံရမှု စုံစမ်း​​ဖော်ထုတ်မည် ဟု လူမှု​​​​ရေးဝန်​ကြီး​ပြော Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.