သုဝဏ္ဏဝတီမြို့၌ ချောင်းအတွင်းသို့ ကလေးငယ်တစ်ဦး လိမ့်ကျ မျောပါ သေဆုံး


သုဝဏ္ဏဝတီ ဇူလိုင် ၉

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်၌ ဇူလိုင် ၉ ရက် ၁၁နာရီ ခန့်တွင် ကလေးငယ်တစ်ဦး ရေထဲလိမ့်ကျ၍ ချောင်းအတွင်း မျောပါ သေဆုံးသွားကြောင်း သိရသည် ။

သိမ်ဆိပ်ရပ်ကွက် အောက်ကျင်းပိုင်းရှိ အောက်ကျင်းတံတားအနီးတွင် နေထိုင်သော အဖွားဖြစ်သူ ဒေါ်ကျင်လှသည် ထမင်းအိုးတည်နေခိုက် ၎င်း၏ မြေးဖြစ်သူ မမေပြည့်စုံ( အသက်- ၁ နှစ် ၈ လ၊အဖ- ဦးသက်နိုင်ထွန်း ) ) သည် ဆော့ကစားနေစဉ် နေအိမ်ဘေးရှိ ဒေဝီသခင်မချောင်းအတွင်း လိမ့်ကျ မျောပါသွားကြောင်း သိလျှင်သိခြင်း ကျေးရွာနေပြည်သူများက ချောင်းအတွင်း ပိုက်များချ၍ ပိတ်ဆို့ရှာဖွေရာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ ချောင်းအောက်ပိုင်း နှစ်ဖာလုံခန့်အကွာ ခြုံနွယ်များအတွင်း ငြိနေသည်ကို တွေ့ရှိ၍ ဝိုင်းဝန်းဆယ်ယူရာ သေဆုံးနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည် ။ ယမန်နှစ်ကလဲ ၎င်း၏ သားဖြစ်သူတစ်ဦးလည်း ယင်းချောင်းအတွင်း ရေနစ်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ကလေးငယ်၏မိဘများက ရပ်ဝေးတွင် အလုပ်လုပ်ကိုင်နေကြောင်း ၎င်းက ဆက်လက်ပြောသည် ။

ဖြစ်စဉ်နှင့်ပတ်သတ်၍ နယ်မြေခံသိမ်ဆိပ်နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးနေကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သုဝဏ္ဏဝတီမြို့၌ ချောင်းအတွင်းသို့ ကလေးငယ်တစ်ဦး လိမ့်ကျ မျောပါ သေဆုံး သုဝဏ္ဏဝတီမြို့၌ ချောင်းအတွင်းသို့ ကလေးငယ်တစ်ဦး လိမ့်ကျ မျောပါ သေဆုံး Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.