မြ၀တီမြို့ ယာဉ်ထိန်းရဲကင်းတစ်ခုဘေးတွင် လက်လုပ်ချိန်ကိုက်ဗုံးတစ်လုံးတွေ့ရှိ


မြ၀တီ ဇူလိုင် ၎

ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၅) ရပ်ကွက် ရေပူရပ် အမှတ်(၂)တံတား လမ်းမကြီးနှင့် အာရှလမ်းမကြီး ဆုံရပ် မီးပွိုင့် ယာဉ်ထိန်းကင်းတဲဘေးတွင် ယနေ့ နံနက် ၈ နာရီခန့်က တိပ်နှင့် ပတ်ထားသည့် စစ်ကျန်သံချေးတက် ၆၀ ဗုံးသီးဟောင်း စနက်တန်၊ ဝိုင်ယာ ပါ အလျားတစ်ပေ၊ အနံခြောက်လက်မ ခန့်ရှိ လက်လုပ်ချိန်ကိုက်ဗုံး တစ်လုံးကို တွေ့ရှိကြောင်း သိရသည်။

အဆိုပါ လက်လုပ်ချိန်ကိုက်ဗုံးကို မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် မြေနီ ကုန်းနေ ယာဉ်ထိန်းရုံးအကူ ဦးရွှေကြာ နှင့် ကျော်သူအောင်တို့က စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းတွေ့ရှိ မှုကို တာဝန်ရှိသူများထံအကြောင်း ကြားခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးမျိုးသန့်နှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူး နိုင်လင်းဦးပါ တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

Myanmaalinn
ထိန်လင်းအောင်
https://www.facebook.com/MYANMAALINNNEWS
မြ၀တီမြို့ ယာဉ်ထိန်းရဲကင်းတစ်ခုဘေးတွင် လက်လုပ်ချိန်ကိုက်ဗုံးတစ်လုံးတွေ့ရှိ မြ၀တီမြို့ ယာဉ်ထိန်းရဲကင်းတစ်ခုဘေးတွင် လက်လုပ်ချိန်ကိုက်ဗုံးတစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 10:59 Rating: 5
Powered by Blogger.