ကွန်တိန်နာကားစလစ်ဖြစ်တိမ်းမှောက်စဉ် လူတစ်ဦးကားပိ၍သေဆုံး


ကြို့ပင်ကောက် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရန်ကုန်-ပြည် ကားလမ်းသာယာကုန်းကျေးရွာအနီးမိုင်တိုင်အမှတ် ၁၁၉/၁ နှင့် ၁၁၉/၂ အကြားယာဉ်မတော်တဆမှုခဏခဏဖြစ်တတ်သောနေရာတွင် ရန်ကုန်ဘက်မှပြည်ဘက်သို့ ယာဉ်မောင်း ကိုနိုင်လင်းထွန်း (၂၂ နှစ်) မောင်းနှင်လာသောယာဉ်အမှတ် 9p/---- ကွန်တိန်နာကားစလစ်ဖြစ်၍ ဇူလိုင် ၃ ရက် နံနက် ၇ နာရီခွဲခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် လမ်းဘေးရှိစက်ဘီးတစ်စီးနှင့် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာနေသူ ဦးဘကျော်မှာကားပိ၍ နေရာတွင်သေဆုံးသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နိုင်လင်းထွန်းအား ကြို့ပင်ကောက်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကွန်တိန်နာကားစလစ်ဖြစ်တိမ်းမှောက်စဉ် လူတစ်ဦးကားပိ၍သေဆုံး ကွန်တိန်နာကားစလစ်ဖြစ်တိမ်းမှောက်စဉ် လူတစ်ဦးကားပိ၍သေဆုံး Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.