ကျိုက်ထိုမြို့နယ် ဘိုရားကြီး ကျေးရွာ ဘူတာအနီး၌ အမျိုးသားတစ်ဦး ရထားကြိတ်ခံရ


ကျိုက်ထို ဇွန် ၂၀

ကျိုက်ထိုမြို့နယ် ဘိုရားကြီးကျေးရွာ ဘူတာ အနီး ရထားလမ်းပေါ်၌ ဇွန် ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ- ရထားလမ်း မိုင်တိုင် အမှတ် (၉၅/၃)နှင့်(၉၅/၄) အကြားတွင် ဘိုရားကြီးကျေးရွာ ရွာလယ်ပိုင်းနေ စည်သူနိုင် (၂၅)နှစ်မှာ အရက်သေစာ သောက်စားမူးယစ်ပြီး ရထားလမ်းပေါ်၌ အိပ်ပျော်နေစဉ် ကျိုက်ထိုဘူတာဘက်မှ ရန်ကုန်ဘူတာ ဘက်သို့ ထွက်ခွါလာသော စက်ခေါင်းအမှတ်DF-1336 အမှတ်( ၉၀ ) အစုန် မော်လမြိုင် ရန်ကုန် ခရီးသည်တင် အမြန်ရထားမှ ရထားလမ်းပေါ်အိပ်ပျော်နေသည့် စည်သူနိုင် အားကြိတ်မိစဉ် စည်သူနိုင် တွင် ဝဲ/ယာ ပေါင်ရင်း(၂)ချောင်းနှင့်အတူဝဲလက်ဖျံ ကျိုးကြေ ပြတ်ထွက် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ (စိုးရိမ်ရ) ဒဏ်ရာရရှိကာ ကျိုက်ထိုပြည်သူ့ဆေးရုံသို့ တင်ပို့၍ဆေးဝါးကုသမှုခံယူလျှက်ရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းမှရထား အက်ဥပဒေအရ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျိုက်ထိုမြို့နယ် ဘိုရားကြီး ကျေးရွာ ဘူတာအနီး၌ အမျိုးသားတစ်ဦး ရထားကြိတ်ခံရ ကျိုက်ထိုမြို့နယ် ဘိုရားကြီး ကျေးရွာ ဘူတာအနီး၌ အမျိုးသားတစ်ဦး ရထားကြိတ်ခံရ Reviewed by THITHTOOLWIN on 23:53 Rating: 5
Powered by Blogger.