မြန်မာ ထိုင်းနယ်စပ် မယ်ယန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ကျည် ၃၉၇ တောင့် ဖမ်းမိ


ဇွန်လ ၂၀ ရက် ၂၀၁၉

သျှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ ထိုင်းနယ်စပ် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ပွိုင့် ၅ ကျည်တောင့်များဖမ်းဆီးရမိကြောင်းသိရသည်။

ဇွန်လ ၂၀ ရက် နေ့လည် ၁၂ နာရီ၌ ကျည် ၃၉၇ ထောင့် သယ်ဆောင်လာသည့် Probox ကားတစီး အား ဖမ်းဆီးရမိခြင်းဖြစ်သည်။

တာချီလိတ်မြို့ မှ မိုင်းယန်းမြို့ သို့သွားမည့် ယာဉ်မောင်း ဦးဆမ်ပျန်းမောင်းနှင့်လာသည့် Probox ကားအား မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးရာ ကားအတွင်း သိုဝှက် သယ်လာသည့် ပွိုင့် ၅ စစ်သေနတ်ကျည် ၃၉၇ တောင့် ကို ဖမ်းဆီးရမိသည် ဟု တာချီလိတ်ရဲတပ်ဖွဲ့ ပြောသည်။

ယင်းသယ်ဆောင်လာသည့် စစ်သေနတ်ကျည်များသည် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းမှ မြန်မာ ထိုင်း ချစ်ကြည်ရေး တံတား(၁) ကိုဖြတ်ကာ သယ်ဆောင် လာသည့် ကျည်များဖြစ်သည့် ဟု ရဲစစ်ဆေးချက် အရ သိရသည်။

စစ်သေနတ်ကျည် ၃၉၇ တောင့် သယ်ဆောင်လာသည့် အသက် ၄၀ အရွယ် ဦးဆမ်ပျန်း သည် မိုင်းလားမြို့ တွင်နေသူ တဦးဖြစ်ပြီး၊ လက်ရှိမှာ တာချီလိတ် ရဲစခန်းမှ ဥပဒေ အရ အရေးယူ လုပ်ဆောင်နေကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
မြန်မာ ထိုင်းနယ်စပ် မယ်ယန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ကျည် ၃၉၇ တောင့် ဖမ်းမိ မြန်မာ ထိုင်းနယ်စပ် မယ်ယန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ကျည် ၃၉၇ တောင့် ဖမ်းမိ Reviewed by THITHTOOLWIN on 23:50 Rating: 5
Powered by Blogger.