ယာဉ်အားမဆင်မခြင်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ နေအိမ်အဆောက်အဦအား ဝင်တိုက်


မင်းဘူး ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်၊ ကျွဲသိုးမြှောင် ကျေးရွာ၊ မင်းဘူး-မကွေး ကားလမ်း၊ မိုင်တိုင်အမှတ် ၂/၂ နှင့် ၂/၃ကြားတွင် ဇွန် ၁၉ ရက် ညနေ ၄နာရီခွဲအချိန်က ယာဉ်အား မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိမ်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ နေအိမ်အဆောက်အဦအား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူး မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမင်းဘူးဘက်မှ မကွေးဘက်သို့မင်းဘူးမြို့နယ်၊ မကျီးစုကျေးရွာနေ မြင့်သူ(၃၀)နှစ်၊ တစ်ဦးတည်း မောင်းနှင်လာသည့် လီဖန်းအပြာရောင် ဖောကားမော်တော်ယာဉ် သည်အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ဦးမောင်အေး၏ လေးပင်သုံးပင်ထရံကာ သွပ်မိုး နှစ်ထပ် အိမ်အောက်ထပ်အား ဝင်ရောက်တိုက်မိပြီး လူများတွင် ထိခိုက်ဒဏ်ရာ မရရှိသော်လည်း မော်တော်ယာဉ်နှင့် နေအိမ်အဆောက်အဦအပါအဝင် နေအိမ်ရှိ ပစ္စည်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ မြင့်သူအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ