မင်းဘူး(စကု)မြို့နယ်တွင် စောင်းမြောင်းပြောဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်၍ လူ(၁)ဦးသေဆုံ


နေပြည်တော်၊ ဇွန်လ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ချင်းကုန်း(၂)ကျေးရွာ၌ ဇွန် ၂၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က စောင်းမြောင်း ပြောဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေါသထွက် ကာကိုင်းခုတ် ဓားဖြင့်ခုတ်၍ အမျိုးသား(၁)ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာအဆိုပါကျေးရွာနေအောင်ဝင်းလှိုင်(၂၉)နှစ်သည် နေအိမ်၌ရှိနေစဉ် နေအိမ်ကပ် လျက်ရှိအိမ်ရှင် ဒေါ်မြညွန့်၏နေအိမ်သို့လာရောက် လည်ပတ်သူတစ်ရွာတည်းနေသိန်းထိုက်အောင် (၄၅)နှစ်မှ စောင်းမြောင်းပြောဆိုနေသဖြင့် ဒေါသထွက်ကာ အရိုးအသွား(၃၀) လက်မခန့်ရှိ ကိုင်းခုတ် ဓားဖြင့်ခုတ်၍သိန်းထိုက်အောင်တွင် လည်ပင်း၊ ဝမ်းဗိုက်တို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သောကြောင့် အောင်ဝင်းလှိုင်အား စကုနယ်မြေရဲ စခန်း(ပ) ၈၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မင်းဘူး(စကု)မြို့နယ်တွင် စောင်းမြောင်းပြောဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်၍ လူ(၁)ဦးသေဆုံ မင်းဘူး(စကု)မြို့နယ်တွင် စောင်းမြောင်းပြောဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ကိုင်းခုတ်ဓားဖြင့်ခုတ်၍ လူ(၁)ဦးသေဆုံ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.