နတ်မြစ်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးဖမ်းဆီးရမိ


မောင်တော ဇွန် ၂

မောင်တောမြို့၌ ဇွန် ၁ ရက်နေ့ (၂၁း၁၅) နာရီအချိန်တွင် အမှတ်(၁)ဝင်/ထွက်စခန်း(P0E)တွင် အခြေပြုနေ သော ဓညဝတီရေတပ်စခန်းဌာနချုပ် အကူရေယာဉ်အုပ်(မောင်တော)မှ ဗိုလ်ကြီး ရဲထက်အောင်၊ငါးမန်းရေယာဉ် ဖြင့် ဒုတပ်ကြပ် ငြိမ်းထွန်း တို့ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မောင်နီရွာအနီး နတ်မြစ်အတွင်း လုံခြုံရေး နှင့် ပိတ်ဆို့ရေး တာဝန်ထမ်းဆောင်စဉ် ရေယာဉ်၏ (၁)မိုင်ခန့် အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက် လာသည့် လှေတစ်စင်းအား ရေဒါတွင် တွေ့ရှိရသဖြင့် မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေး သ ဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မန်ကျည်းချောင်းဝအနီးတွင် အမည်မသိ စက်တပ်ငါးဖမ်းလှေ(အလျား ၂၄ပေ၊အနံ ၇ပေ၊ ရေစူး ၃ပေခန့်၊ဂီယာဘောက်တွဲလျက်၊သစ်သားကိုယ်ထည်)တစ်စင်း၊Symphony တံဆိပ် နှင့် Winster တံဆိပ်ပါ လက်ကိုင် ဖုန်း(ဆင်းကဒ်ပါ)(၂)လုံး၊၊ဘင်္ဂလားတာကာငွေ(၇၅)တာကာတို့အား အမျိုးသားနှစ်ဦး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

ဖမ်းဆီးရမိသူနှစ်ဦးမှာ(က)အေနာယက်တူလာ(ဘ)လာများ(၂၂)နှစ်၊ဆားပြင်မြောက်ရွာ၊တက္ကနာက်မြို့၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊(ခ)အာယာစ်(ဘ)အဒူရှူ့(၁၈)နှစ် ဆားပြင်ကျေးရွာအုပ်စု၊ မိစ်တရီရွာ၊တက္ကနက်မြို့၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ဖြစ်ပြီး၎င်းတို့နှစ်ဦးအား စစ်ဆေးချက်အရ မြန်မာနိုင်ငံရေပိုင်နက်အတွင်း ငါးခိုးဖမ်းရန်အတွက် ဘင်္ဂလားဒေ့ရှ်၊တက္ကနက်မြို့နယ်၊ ရှင်ဖြူမကျွန်း မြောက်ရွာမှ ထွက်ခွားလာပြီး မြန်မာနိုင်ငံရေပိုင်နက် အတွင်း ပိုက်ချငါးခိုးဖမ်းနေစဉ် ယခု ကဲ့ သို့ ဖမ်းဆီး ခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှစ်အား သက်ဆိုင်ရာနယ်မြေ ရဲစခန်းအား လွှဲပြောင်းအပ်နှံရေး စီစဉ် ဆောင် ရွက် လျှက်ရှိ ကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်) / မောင်တော
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နတ်မြစ်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးဖမ်းဆီးရမိ နတ်မြစ်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.