အင်း​တော်​မြိုနယ်​ ပင်​ဝယ်​​ကျေးရွာတွင်​အမျိုးသားတစ်​ဦး အရက်​​သေစာမူးယစ်​​သောက်​စားပြီး ဓားကိုင်​ရမ်းကားသဖြင့် အ​ရေးယူနိုင်​ခဲ့



Share/Bookmark

အင်းတော်​ ဇွန်​ ၂

စစ်​ကိုင်းတိုင်း​ဒေသကြီး အင်းတော်​မြို့နယ်​ပင်​ဝယ်​​ကျေးရွာတွင်​ အမျိုးသားတစ်​ဦး အရက်​​သေစာမူးယစ်​​သောက်​စားပြီး ဓားကိုင်​ရမ်းကား​နေသဖြင့် အ​ရေးယူနိုင်​ခဲ့သည်​ ။

ဖြစ်​စဉ်​မှာ ဇွန်​ ၁ရက်​​ ​နေ့လယ်​ ၁၂နာရီခွဲက ရဲတပ်​သားညီညိစိုးပိုင်​ သက်​​သေပင်​ဝယ်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးဦးထွန်းလင်း​အောင်​ ဦး​အောင်​နို​င်​ ဦးမွန်း​အောင်​ အဖွဲ့တို့နှင့်အတူ နယ်​​မြေလှည့်ကင်းဆောင်​ရွက်​​နေစဉ်​ ပင်​ဝယ်​​ကျေးရွာကချင်​စုရပ်​ကွက်​အတွင်းရှိ လမ်းမ​ပေါ်တွင် ​လူတစ်​​ယောက်​မူးပြီးဓားကိုင်​ရမ်းကား​နေ​ကြောင်း သတင်းအရ သွား​ရောက်​ရာ ၎င်းမှာပင်​ဝယ်​​ကျေးရွာကချင်​စုရပ်​ကွက်​​နေ အဖဦး​ကျော်​ဝင်း၏သား သန်းစိုး ၃၃နှစ်​ဖြစ်​ပြီးလမ်းမ​ပေါ်တွင်​ အရက်​​သေစာ​သောက်​စားမူးယစ်ပြီး အရိုးအသွား၁၀ လက်မခန့်ရှိ သော သစ်​သားရိုးတပ်​ ဓားဦးချွန်​အားကိုင်​​ဆောင်​၍ ရမ်းကား​သောင်းကျန်းနေ​ကြောင်း​တွေ့ရှိရသဖြင့် သက်​​သေများ​ရှေ့​မောက်​တွင်​ ရှာ​ဖွေပုံစံဖြင့်သိမ်းဆည်းကာ ရဲအုပ်​ဝင်းကိုမှ တရားလိုပြုလုပ်​၍တိုင်​တန်းခဲ့​ကြောင်း သိရသည်​ ။

ဖြစ်​စဉ်​​ကြောင့် အရက်​​သေစာ​သောက်​စားမူးယစ်​ပြီး အများသူငှာသွားလာရာ​နေရာတွင်​ ဓားကိုင်​ရမ်းကားသူ သန်းစိုး ၃၃နှစ်​အား ​မော်​လူးနယ်​​မြေရဲစခန်က အမှုဖွင့်အ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်းသိရသည်​။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ