ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၂၃,၆၅၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့်စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် သက်သေခံကားအားတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၂၃,၆၅၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန် ၃ ရက် ၁၅းဝဝ နာရီ၊  မူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်း၏ အကြောင်းကြားချက်အရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂၇/၁၈၊ ရာဇသတ် ကြီးပုဒ်မ ၂၇၉/ကျင့်၂၀၂ အမှုမှ သက်သေခံမော်တော်ယာဉ်အဖြစ် သိမ်းဆည်းထားသည့် Vigo Hilux မော်တော် ယာဉ်အား သွားရောက်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းအမိုးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀,၉၀ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃,၄၂၇ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား(အကြေမှုန့်) ၉၀ဝ ဂရမ်(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂၅ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

(Xinhua)
http://www.xinhuamyanmar.com
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၂၃,၆၅၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၂၃,၆၅၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 02:37 Rating: 5
Powered by Blogger.